Chapter 279: Decisive and Merciless

3.3K 533 19
                                    

UNICODE

ဝတ်စုံအမည်းနှင့် ယောကျာ်းနှစ်ယောက်က သူမဆီကို လျှောက်လာတာမြင်ချိန်မှာတော့ မုချင်းရွဲက ထိတ်လန့်သွားသည်။ သူမတစ်ကိုယ်လုံးက တုန်ယီလာပြန်သည်။

"ဟင့်အင်း ဟင့်အင်း ညီမကို မသတ်ပါနဲ့ ဟင့်အင်း"

ချူယန်က သူမကို လူသေတစ်ယောက်ကို စိုက်ကြည့်နေသလို အေးစက်စွာကြည့်နေသည်။

သူမအသနားခံမှုကို သူ့ကို တုတ်တုတ်မျှ မလှုပ်ပေ။

မုချင်းရွဲက အရမ်းကြောက်နေသည်။ သူမရှေ့မှ ဤယောကျာ်းကို သူမ အရင်က မြင်ဖူးသည်။

သူက ဘာကိုမှဂရုမစိုက်သလို ထူးမခြားနားပင်။ သို့ပေမယ့် သူ့စိတ်နေသဘောထားက ဖောက်ပြန်တဲ့စိတ်နေစိတ်ထားရှိပြီး အကြင်နာမဲ့ကာ ရက်စက်၏။

သူမ အသက်ပြန်ရှင်ဖို့ဆိုတာ လွယ်တာမဟုတ်ပေ။ သူမ မသေချင်ဘူး သူမထပ်ပြီး မသေချင်ဘူး။

ပြီးတော့ သေရတဲ့ခံစားချက်က အရမ်းနာကျင်တာ။ သူမက အဲ့ခံစားချက်ကြီးကို မခံစားချင်တော့ဘူး။

သူမက စူးရှသည့်အသံဖြင့် အာခေါင်ခြစ်ကာ အော်လာသည်။ "အားးးး ငါ့ကို မသတ်နဲ့။ နင် ငါ့ကို သတ်လို့မရဘူး။ ငါက ဇာတ်လိုက်အမျိုးသမီးပဲ။ ဒီကမ္ဘာကို ငါအုပ်ချုပ်တာ။ ယဲ့ချင်းရန်က ဇာတ်ရန်သက်သက်ပဲ။ သူမက ရက်စက်ပြီး နတ်ဆိုးဆန်တဲ့မိန်းမ"

ချူယန်က လက်ဝှေ့ယမ်းပြကာ ထိုလူနှစ်ယောက်ကို ရပ်ဖို့ အချက်ပြလိုက်သည်။

ရှေ့သို့ ခြေနှစ်လှမ်းတိုးကာ သူမကို အေးစက်စွာကြည့်ရင်း တည်ငြိမ်စွာဖြင့် "ဇာတ်လိုက်အမျိုးသမီး?"

မုချင်းရွဲက သေမိန့်ကျထားသည့် လူလိုနှယ် အသက်ရှင်ဖို့ နောက်ဆုံးအခွင့်အရေးကို ရရှိသွားသည်။

သူမက ကြမ်းပြင်ပေါ် လျင်မြန်စွာ ဒူးထောက်ချပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးကာ ကျယ်လောင်စွာ ရှင်းပြလာသည်။ "ဟုတ်တယ် ညီမတို့နေတဲ့ ဒီကမ္ဘာက ဝတ္ထုတစ်အုပ်ပဲ။ ညီမက ဒီဝတ္ထုရဲ့ ဇာတ်လိုက်အမျိုးသမီးပဲ။ ဒီကမ္ဘာရဲ့ ပင်မပဲ။ ကံကြမ္မာရဲ့ ကောင်းချီးပေးခံထားရလို့ ဒီကမ္ဘာရဲ့ လျှို့ဝှက်ချက်တွေအများကြီးကို ညီမသိတယ်။ အစ်ကို မသိတဲ့အရာတွေကို ညီမက ကြိုသိနေတယ်။ ညီမကို လွှတ်ပေးသရွေ့ ညီမက အကုန်လုံးကို ပြောပြနိုင်တယ်"

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now