Chapter 252: Love Rivals' Agreement (2)

4K 614 1
                                    

UNICODE

"ကြာပြီ ၅နှစ် ၆နှစ်လောက်ရှိပြီ။ ငါ သူ့ကို သဘောကျခဲ့တာ ၅နှစ် ၆နှစ်ရှိပြီ" စုကဲဖေးက ပြန်ဖြေလာသည်။

"ဒါပေမယ့် ငါက ချူယန်ကို သိတာ တစ်နှစ်ကျော်ပဲရှိသေးတယ်။ မင်းက သူ့ကို ၅နှစ် ၆နှစ်ရှိပေမယ့် သူ့ကို မရသေးဘူးလေ။ ငါ သူ့ကို သိခဲ့တာ တစ်နှစ်ပဲရှိသေးပေမယ့် ငါက သူနဲ့တူတူရှိနေပြီ။ သူက ငါမရှိလည်း မင်းကို စကားပြောမယ်လို့ထင်လား? ဒီလိုဆိုရင် ပြီးခဲ့တဲ့၃နှစ်အတွင်းမှာ သူက မင်းကို ဘာလို့ စကားမပြောတာလဲ? ငါက ဘာလို့ ဝင်ပတ်သက်နေတာလဲ?"

ယဲ့ချင်းရန်ရဲ့ ပြန်ပက်မှုက စုကဲဖေးမျက်နှာ မသိမသာရဲသွားစေသည်။

ခဏလောက် သူမ ပြန်မပြောနိုင်ပေ။ ထစ်အစွာဖြင့် "အဲဒါက... အဲဒါက ဘာကြောင့်လဲဆိုတော့... ဘာကြောင့်လဲဆိုတော့..."

တော်တော်ကြာ ထစ်အနေပြီး ဘာမှ မထွက်လာပေ။

ပြန်မပြောနိုင်တော့ စကားလမ်းကြောင်းကို တိုက်ရိုက်လွှဲလိုက်သည်။

"ယဲ့ချင်းရန် နင်က ငါ့ခံစားချက်တွေကို ထပ်လိမ်တယ်။ ပထမအကြိမ်တုန်းက နင့်ကို ကောင်လေးလို့ ငါထင်ခဲ့တာ။ နင့်ကို ပိုးပန်းပြီး နင်နဲ့အတူရှိချင်ခဲ့တာ။ နောက်ဆုံးကျတော့ နင်က မိန်းကလေးဖြစ်နေတယ်။ ဒီအမှန်တရားကို လက်ခံဖို့ ငါ မလွယ်ကူခဲ့ဘူး။ ငါ နင့်ကို သူငယ်ချင်းအဖြစ် ဆက်ဆံချင်ခဲ့ပေမယ့် နောက်ကျတော့ နင်က ငါချစ်တဲ့ယောကျာ်းကို လုသွားတယ်။ နင်က တကယ်ကြီး နင့် Identity ကိုဖုံးထားပြီးတော့ သူ့ကို ငါ ပိုးပန်းတာကို လက်လျှော့စေချင်တယ်။ နင့်ဆီကနေ သူ့ကို မလုသွားအောင်လို့လေ။ နင် တကယ် အရမ်းဆိုးတာပဲ"

ယဲ့ချင်းရန် ရယ်ချင်သွားသည်။ "ငါ့ယောကျာ်းလေးကနေ မိန်းကလေးအဖြစ်ပြောင်းသွားတာကိုတော့ အားနာပါတယ်။ မင်းကို ဘာမှ မရှင်းပြချင်ဘူး။ ဒုတိယအကြိမ်ကတော့ မင်းက မင်းသဘောကျတဲ့သူကို လက်လျှော့ရမလားဆိုပြီး မင်းမေးချိန်မှာ မင်းသဘောကျတဲ့သူက ငါ့ချစ်သူဆိုတာ ငါမသိခဲ့ဘူး။ ငါသိခဲ့ရင် မင်းကို လက်လျှော့ဖို့ ငါမပြောဘဲ မင်းကို ပါးနှစ်ချက်လောက် ရိုက်ခဲ့မှာ"

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now