Chapter 275: Lovers Who Had Not Met For A Long Time

3.5K 547 14
                                    

UNICODE

မုန်တိုင်းထန်နေသည့် ရာသီတွင် မုချင်းရွဲက အိမ်မပြန်ပေ။ အဲ့အစား သူမကားကို Villa တစ်ခုအပြင်ဘက်တွင် ရပ်ထားပြီး တစ်စုံတစ်ယောက်အား စောင့်နေ၏။

ထိုသူရောက်လာသည့်အချိန်တွင် မိုးက တိတ်သွားပြီဖြစ်သည်။

သူတို့နှစ်ဦးက Villa အပြင်ဘက် လျှောက်လမ်းမှာရပ်နေကြပြီး တစ်ဦးကိုတစ်ဦး အတွေးကိုယ်စီဖြင့် ကြည့်နေကြသည်။

လုံကျွင်းယောင်က မုချင်းယွဲကို နောက်တစ်ခါမြင်ရချိန်က စုယီအန်းရဲ့ စေ့စပ်ပွဲမှာ ဖြစ်မယ်လို့ မထင်ထားခဲ့ပေ။

အခု မုချင်းရွဲက သူ့ကို လာရှာမယ်လို့လည်း မထင်ထားပေ။

ဒီမိန်းမကို အရင်က ချစ်လည်းချစ် မုန်းလည်းမုန်းပြီး ခွဲလည်း မခွဲနိုင်ခဲ့ပေ။ အဆုံးမှာ ကျန်ခဲ့တာတွေက စိတ်ပျက်မှုနှင့် ရွံရှာမှုတွေဖြစ်သည်။

သူမနှင့် ထပ်မဆက်သွယ်ချင်တော့ပေ။ ထို့အပြင် သူမက စုတျန်ဟန်နှင့် ရှိနေသည်။ ထို့ကြောင့် စေ့စပ်ပွဲမှာ သူ့တည်ရှိမှုကို လျှော့ချထားပြီး သူမနှင့် ထိပ်တိုက်မတွေ့ခဲ့ပေ။

စုမိသားစုကိစ္စအပြီးမှာ ဒီကိစ္စထဲ မုချင်းရွဲပါဝင်ပတ်သက်မယ်လို့ သူ သံသယရှိခဲ့သည်။

သို့ပင်သော်ငြားလည်း သူအတွေးလွန်နေတာဖြစ်မယ်လို့ ခံစားခဲ့သည်။ ပြီးတော့ စုမိသားစုရဲ့ သားအဖ၏ Identity ကို သူ မသိခဲ့ပေ။ မုချင်းရွဲ သိဖို့ဆိုတာ ပိုလို့တောင် မဖြစ်နိုင်ပေ။ စုတျန်ဟန်က တိတ်တိတ်လေး စုံစမ်းထားတာပဲ ဖြစ်ရမည်။

မုချင်းရွဲက ပြုံးပြီး ပြောလာသည်။ "ကျွန်မလိုတာရှိရင် ရှင့်ကို လာရှာနိုင်တယ်လို့ ရှင်တစ်ခါပြောခဲ့တယ်လေ။ ဘာလို့လဲ? ကျွန်မကို အထဲကို မဖိတ်တော့ဘူးလား?"

သူမပုံက အရမ်းယဉ်ကျေးဟန်ရှိပေမယ့် ကြွားဝါချင်နေသည့်ပုံဖြစ်နေသည်။

လုံကျွင်းယောင်က အိတ်ကပ်ထဲ လက်ထည့်ပြီး မုချင်းရွဲကို ကြည့်နေသည်။

တော်တော်ကြာပြီးနောက် သူ့မျက်ဝန်းထဲ မမြင်ရလောက်နီးပါးဖြစ်သည့် သရော်ဟန်ပေါ်လာသည်။ "အရင်တုန်းက မင်းကို ငါ တကယ်လျှော့တွက်မိခဲ့တာပဲ"

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now