Chapter 294: A Sinister Plot

3.4K 427 13
                                    

UNICODE

မူးဝေနေသည့် ယဲ့ချင်းရန်က ဤစကားကို ကြားချိန်မှာ အရမ်းရွံလွန်းလို့ သွေးအန်ပြီး မေ့သွားသည်။

ဒါက သူမ ပထမဆုံး ဂိမ်းထဲဝင်လာချိန်နှင့် ပထမဆုံး စာအုပ်ထဲ ဝင်လာချိန်မှာ ဖြစ်ခဲ့တာဖြစ်သည်။

ယဲ့ချင်းရန် ဆေးရုံမှာ ပြန်နိုးလာချိန်မှာတော့ ယဲ့ကျွင်း၏ လက်ထောက်ကို သူမ မြင်လိုက်ရသည်။

ထိုအချိန် သူမ နိုးလာသည့်အချိန်မှာ တစ်စုံတစ်ခုက ထူးဆန်းနေတယ်လို့ ယဲ့ချင်းရန် ခံစားမိသည်။

စာအုပ်ထဲ ဝင်ရောက်လာသည်။ သူမက အချစ်ဝတ္ထု တစ်ခါမှမဖတ်ဖူးပေမယ့် သူမက ဘယ်လိုလုပ် ဒီလိုစာအုပ်မျိုးကို ဖတ်မိတာလဲ? ပြီးတော့ မူလကိုယ်ပိုင်ရှင်က သေမတတ် ကြောက်နေသည်။ ဘာလို့လဲဆိုတော့ သူမက စာအုပ်ထဲမှာ ဖြစ်ပြီး အဆုံးမလှတာကို သူမ သိနေလို့ဖြစ်သည်။

သူမ ဘယ်လိုပဲ တွေးတွေး နည်းနည်းလေးတော့ အဓိပ္ပါယ်မရှိဖြစ်နေသည်။

ထိုအချိန်တုန်းက ဒီကိစ္စရဲ့ စစ်မှန်မှုကို တကယ်သံသယဖြစ်ပြီး အချိန်ခဏလောက် ရှုပ်ထွေးနေ၏။ တစ်နေ့ နိုးလာရင် တကယ့်ကမ္ဘာဆီ ပြန်ဖို့သာ သူမ စောင့်နေချင်တော့သည်။

သို့ပေမယ့် ကိစ္စတိုင်းက သူမဆန္ဒအတိုင်း မသွားပေ။ သူမ ဆေးရုံက ဆင်းသည့်နေ့မှာ ရွေးစရာမရှိဘဲ လက်ခံရတော့သည်။

နောက်ဖြစ်တာကတော့ ယဲ့ချင်းရန်က ယဲ့မိသားစုအိမ်ကနေ ကန်ထုတ်ခံရပြီး ကျောင်းအဆောင်မှာ နေရတာဖြစ်သည်။ သူမက ထိုနေရာမှာ မနေချင်လို့ ချူရုန်ရုန် အိမ်ကို လိုက်ပြီး ချူရုန်ရုန်ကနေတစ်ဆင့် ချူယန်ကို သိသွားတာဖြစ်သည်။

သို့ပေမယ့် သူမရဲ့ ပထမဘဝမှာ ချူယန်က ဇာတ်ကြောင်းရဲ့ ခြယ်လှယ်မှုကို မရုန်းထွက်နိုင်ခဲ့ပေ။ ချူယန်က ဇာတ်ကြောင်းရဲ့ လွှမ်းမိုးမှုကို ခံရပြီး ကျင်းမြို့တော်ကို ပြန်လာခဲ့သည်။ ယဲ့ချင်းရန်နှင့် မသိခင်မှာ သူက မုချင်းရွဲနှင့် သိခဲ့သည်။ ဇာတ်ကြောင်းရဲ့ လွှမ်းမိုးမှုကိုခံရပြီးတော့ မုချင်းရွဲကို အနည်းငယ် စိတ်ဝင်စားပုံ ပေါ်ခဲ့သည်။

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now