Chapter 232: Is He Pursuing Her? (2)

4.5K 684 13
                                    

UNICODE

ဟဲစီကျိုးက ချက်ချင်း စားပွဲထိုးကို မှာမည့်အရသာပြောပြီး တစ်ခါတည်း ပိုက်ဆံရှင်းပေးလိုက်သည်။

ချူရုန်ရုန်က မေးလာသည်။ "အစ်ကိုဟဲက မစားတော့ဘူးလား?"

ဟဲစီကျိုးက မျက်ခုံးပင့်ကာ စနောက်သည့်ဟန်ဖြင့် မေးလိုက်သည်။ "ကိုယ်က လမ်းလျှောက်ဖို့လိုနေတာ လမ်းတူတူလျှောက်ပေးမလား?"

ချူရုန်ရုန်က သူမပါးစပ်ကိုကာပြီး ရယ်တော့သည်။ "ဒါပေါ့ အစ်ကိုဟဲက ညီမကို ရေခဲမုန့်ဝယ်ကျွေးတယ်။ ညီမက အစ်ကိုဟဲနဲ့ လမ်းအတူလျှောက်ပေးမယ်"

မှာထားသည့် ရေခဲမုန့်က မကြာခင်မှာပဲ ရလာသည်။ ချူရုန်ရုန်က ဟဲစီကျိုးနှင့်အတူ ကျောင်းကို လျှောက်ရင်း ရေခဲမုန့်ကို စားနေသည်။

သူမက ပြုံးပြီးမေးလိုက်သည်။ "အစ်ကိုဟဲ ညီမစားနေတာကြည့်ပြီး ဗိုက်မဆာဘူးလား?"

"မဆာဘူး"

"ညီမတော့ဆာတယ်။ ဟိဟိ မိန်းမတွေအကုန်က အစားသမားတွေပဲ"

ချူရုန်ရုန်က ပြောရင်း ရယ်နေသည်။

ဟဲစီကျိုးက သူမကို ကြည့်လိုက်သည်။ သူမနှုတ်ခမ်းမှာ ရေခဲမုန့်နည်းနည်းက ပေနေသည်။ ကြည့်ရတာ အရမ်းအရသာရှိပြီး ဆွဲဆောင်မှုနှင့်ဖြစ်နေသည်။ နူးညံ့ပြီး လှပသည့် ပန်းပွင့်ချပ်လို သူမရဲ့ နီစွေးစွေးနှုတ်ခမ်းကို သူကြည့်မိချိန်မှာတော့ သူမကို နမ်းချင်လာသည်။

အဝေးကို အကြည့်လွှဲလိုက်ရသည်။ အခုချိန်က စုံလုံးမကန်းတာ အကောင်းဆုံးပင်။

ချူရုန်ရုန်က ရွံရှာပြီး ချူယန်နှင့် တိုင်ပြောရင် ချူယန်က သေချာပေါက် သူတို့ကို ခွဲပစ်မှာဖြစ်သည်။

ချူရုန်ရုန်က ရုတ်တရက်မေးလာသည်။ "အရင်က အစ်ကိုဟဲ ဘာမေဂျာလေ့လာခဲ့တာလဲ?"

မေးပြီးတော့မှ 'အိုက်ယား' ဆိုပြီး စိတ်ရှုပ်သည့်အသံထွက်လာသည်။ "ညီမ ဦးနှောက်ကို ကြည့်ပါဦး။ အစ်ကိုနဲ့ ကိုကြီးက အတန်းဖော်တွေဆိုတော့ တစ်မေဂျာထဲပဲနေမှာကို"

ဟဲစီကျိုးက သူမကို ထပ်ဖန်တစ်ခါကြည့်လာပြီး ညင်သာစွာ ခေါင်းခါလိုက်သည်။ "ဟင့်အင်း ညီမအစ်ကိုနဲ့ ကိုယ်နဲ့က မေဂျာမတူဘူး။ ကိုယ်က အစက ဆေးပညာဌာနကပဲ"

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now