Chapter 217: Officially Starting A Young Girls Life (1)

5.8K 912 26
                                    

UNICODE

ကောလိပ်ဝင်ခွင့်စာမေးပွဲအပြီး လဝက်အကြာမှာတော့ ရလဒ်တွေ ကြေညာတော့သည်။

ယဲ့ချင်းရန်ရဲ့ အမှတ်က အရမ်းကို မြင့်ပြီး ကျင်းမြို့တော်ရဲ့ အမှတ်အများဆုံးသူ ဖြစ်လာသည်။ ကျောင်းအုပ်နှင့် ဆရာတွေက ဒီအမှတ်အများသူက သူတို့ကျောင်းကပဲ ဖြစ်ရမယ်လို့ တွေးခဲ့ကြသည်။

သို့ပေမယ့် ယဲ့ချင်းရန်ဖြစ်မယ်လို့ သူတို့ ဘယ်တုန်းကမှ မတွေးမိခဲ့ကြပေ။

သူတို့တွေက အံ့အားသင့်သလို စိတ်လှုပ်ရှားကုန်ကြသည်။

သူတို့ကျောင်းက ကျင်းမြို့တော်ရဲ့ထိပ်ဆုံးသုံးနေရာကို ယူထားပြီး ထိပ်ဆုံး၁၀ယောက်ထဲက တစ်ဝက်ကျော်က သူတို့ကျောင်းကနေလာတာဖြစ်သည်။ ဒါက သူတို့ပညာသင်မှုရဲ့ အတောက်ပဆုံးအချိန်ဖြစ်သည်။

အံ့အားအသင့်ဆုံးသူက ယဲ့ကျွင်းဖြစ်သည်။

လွန်ခဲ့တဲ့ တစ်နှစ်ကို သူပြန်တွေးမိတော့ ယဲ့ချင်းရန်က ဘိတ်ချေးမှာပဲ ရှိနေခဲ့သည်။ သူမ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား ဘိတ်ချီးပဲ ဖြစ်နေသည်။

ဒါပေမယ့် တစ်နှစ်အတွင်းမှာ သူမက ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ကောင်းစွာ ဖြေနိုင်ခဲ့သော်လည်း ဒီလောက် ကောင်းကောင်းဖြေနိုင်ခဲ့မယ်လို့ သူ မထင်ထားခဲ့ပေ။

အိပ်မက်တစ်ခုလိုပင်။

လက်ထောက်ချန်း၏ ဂုဏ်ပြုစကားသံကို မကြားခင်အထိ အမှန်လို့သူ မထင်ထားခဲ့ပေ။

ယဲ့ကျွင်းရဲ့ နှုတ်ခမ်းက မနေနိုင်ဘဲ အပြုံးတစ်ခုသို့ ပြောင်းသွားသည်။ "ကြေညာပြီးပြီမလား? ဆရာမတွေ ဖုန်းခေါ်လာသေးလား?"

လက်ထောက်ချန်းက ခေါင်းညိတ်ပြသည်။ "ဟုတ်ကဲ့ ဘောစ့်ကို ဆရာက ဖုန်းဆက်လာပါတယ်။ စာမေးပွဲတစ်ခုလုံးကို ကင်မရာတွေနဲ့ စောင့်ကြည့်နေပြီးတော့ ခိုးချတာမျိုး မရှိတာကိုစစ်ဆေးထားပါတယ်တဲ့"

ယဲ့ကျွင်းက အကျယ်ကြီး ရယ်တော့သည်။ "ကောင်းတယ် ကောင်းတယ် ကောင်းတယ်"

သုံးကြိမ် အကျယ်ကြီး ရွတ်ပြီးနောက် ကျေးဇူးတင်သည့်အခမ်းအနားလုပ်ဖို့ ပြင်ဆင်ရန် လက်ထောက်ချန်းအား ညွှန်ကြားလိုက်သည်။ ခမ်းနားရမည်။ ကောင်းမွန်စွာ ကျေးဇူးတင်ရမည်။

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now