Chapter 280: Like to Fight With You

3.6K 579 15
                                    

UNICODE

ချူရုန်ရုန်ရဲ့ ဖုန်းခေါ်ဆိုမှုကို ရချိန်မှာ ချူယန်ရဲ့အမူအရာက ချက်ချင်းပြောင်းသွားသည်။

ဆေးရုံကို သူမြန်နိုင်သမျှ မြန်မြန်ရောက်လာသည်။

ယဲ့ချင်းရန်က မနိုးသေးပေ။ သို့ပေမယ့် ဆရာဝန်က သူမကို စစ်ဆေးပြီး သူမအဆင်ပြေပြီလို့ ပြောထားသည်။ ထို့အပြင် သူမက သတိမေ့တာမဟုတ်ဘဲ အိပ်မောကျနေတာဖြစ်သည်။

ယဲ့ချင်းရန်နှင့် ယှဉ်လျှင် ချူရုန်ရုန်မျက်နှာက ဖျော့တော့နေပြီး သူမက လူနာနှင့်တောင် ပိုတူနေသေးသည်။

သူမက ယဲ့ချင်းရန်နှင့် စကားပြောနေတာဖြစ်ပြီး ရုတ်တရက် ဘာမပြော ညာမပြော ယဲ့ချင်းရန်က မေ့လဲသွားသည်။

သူမနှလုံးသားက ရင်ဘတ်ထဲကနေ ခုန်ထွက်တော့မလို ထိတ်လန့်သွားသည်။ သူမက ယဲ့ချင်းရန်ကို နှစ်ခါလောက် ခေါ်ကြည့်ပေမယ့် ပြန်မထူးပေ။ သူမအသက်ရှုနှုန်းကလည်း အရမ်းကို အားနည်းနေပြီး အသက်မရှူသလောက်ကို ဖြစ်နေ၏။

သူမ အရမ်းထိတ်လန့်သွားကာ သူမစိတ်ဝိဉာဉ်ပါ လုံးဝပျောက်တော့မလိုပင်။

သူမက ဆရာဝန်ဖြစ်ပေမယ့်လည်း ဘာလုပ်ရမလဲဆိုတာ မသိပေ။ အရမ်းကိုကြောက်လွန်းလို့ တစ်ကိုယ်လုံးတောင် တုန်ယီနေသည်။ ချူယန်ကို ဖုန်းခေါ်ချိန်လည်း သူမတစ်ကိုယ်လုံး တုန်လှုပ်နေသည်။

ဆေးရုံကို ပို့ပြီးနောက် သူမက အကောင်းဆုံးအခြေအနေမှာ မဟုတ်နေပေ။

ဆရာဝန်က သူမအိပ်ပျော်နေတာလို့ ပြောပေမယ့်လည်း ချူရုန်ရုန်က ကြောက်နေတုန်းဖြစ်သည်။

ချူယန်ကို သူမမြင်ချိန်ကျမှ သူမအသက်ပြန်ရှင်လာသလို ခံစားရသည်။ ချူယန်ကို မျက်ရည်အဝိုင်းသားဖြင့် ကြည့်ရင်း "ကိုကြီး..."

ချူယန်က သူမခေါင်းလေးကို ပုတ်ကာ "အဆင်ပြေမှာပါ စိတ်မပူနဲ့"

သူက ချူရုန်ရုန်ကို နှစ်သိမ့်ပေမယ့်လည်း အရမ်းကို စိတ်ပူနေသည်။

သူက ကံကြမ္မာဆိုတာကြီးကို မယုံပေ။ သူက ကောင်းကင်ဘုံကို သိမ်းပိုက်စိုးမိုးသည့် ထိုသူကိုပဲ ယုံကြည်၏။

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now