Chapter 253: Don't Want to Agree (1)

3.9K 609 5
                                    

UNICODE

အခန်းက အရမ်းကို တိတ်ဆိတ်နေကာ ယဲ့ချင်းရန် ရေသောက်နေသည့်အသံသာ ကြားရသည်။ သူမက ခွက်ကိုကိုင်ကာ ရေတစ်ခွက်လုံးအပြည့် သောက်လိုက်သည်။

ခွက်ကို ပြန်ချပြီးနောက် ဆိုဖာပေါ်မှာ ထိုင်နေသည့် ချူယန်ကို ပြောလိုက်သည်။ "အာခြောက်တဲ့အထိကို စကားပြောလိုက်ရတယ်။ နောက်ဆုံးတော့ သူမပြန်ဖို့ ညီမ နားချလိုက်နိုင်တယ်"

တိတ်ဆိတ်နေသည့် ချူယန်က အကြင်နာမဲ့သည့် လေသံဖြင့် ပြောလာသည်။ "မင်း သူမကို ထိုးလိုက်ရင် သူမ ချက်ချင်းပြန်သွားမှာ"

ယဲ့ချင်းရန်က တခစ်ခစ်ရယ်ရင်း ပြောလာသည်။ "ယောကျာ်းတွေအနေနဲ့ ညီမတို့က အားနည်းတဲ့လိင်ကို ဘယ်လို မြတ်နိုးရမလဲဆိုတာ သိရမယ်လေ။ အဲ့လို သူမကို ညီမတို့က ဘယ်လိုလုပ်ပြီး တိုက်ခိုက်ရမှာလဲ?"

ချူယန်က မျက်ခုံးပင့်လိုက်သည်။ "ကိုယ်တို့?"

ယဲ့ချင်းရန်က သူ့ကို ကျီစယ်သည့်ဟန်ဖြင့် မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။ "ဟားဟား ညီမက အသားကျနေတာမို့လို့"

သူမက ချူယန်ဘေးမှာ ထိုင်လိုက်ပြီး သူ့မေးစေ့ကို သူမရဲ့လက်သွယ်သွယ်ဖြင့် ပင့်မလိုက်သည်။ အပြုံးလေးဖြင့် "ညီမသာ ယောကျာ်းလေးဆိုရင် အစ်ကိုက ညီမနဲ့ ရှိနေဦးမှာလား?"

ချူယန်က သူမလက်ကို ကိုင်လိုက်သည်။ "ကိုယ်က ဒီလှေကနေ ဆင်းလို့တောင်ရဦးမှာလား?"

"လှေပေါ်တက်ပြီးရင် ပြန်ဆင်းလို့မရဘူး"

"ဒါဆိုလည်း မဆင်းဘူးပေါ့"

ချူယန်ရဲ့ သက်တောင့်သက်သာလေသံကို ကြားချိန်မှာ ယဲ့ချင်းရန်က သူ့ကို ခြောက်လှန့်ဖို့ ကြိုးစားလိုက်သည်။ "ဒီလိုဆို တစ်နေ့ကျရင် ညီမက ယောကျာ်းလေးအဖြစ်ပြောင်းသွားပြီး အစ်ကို့ကို လာရှာမှာ"

ချူယန်က ဂရုမစိုက်ပေ။ "နောက်ကျရင် သူမနဲ့ ဝေးဝေးမှာနေ"

သူက စုကဲဖေးအကြောင်းပြောနေတာဖြစ်သည်။

အခု ယဲ့ချင်းရန် အပြင်ထွက်တာကို သူ သဘောမတူခဲ့ပေ။

ယဲ့ချင်းရန်ရဲ့ နှုတ်ခမ်းထောင့်က အနည်းငယ်ကွေးတက်သွားပြီး ပြုံးကာ ပြောလာသည်။ "မလိုပါဘူး။ ညီမတို့က မျှတတဲ့ပြိုင်ပွဲလုပ်ဖို့ သဘောတူပြီဂပြီ။ အစ်ကို ဘယ်သူနဲ့ပဲ အဆုံးသတ်သတ် ညီမတို့က အစ်ကို့ဆုံးဖြတ်ချက်ကို လေးစားပြီး အစ်ကို့ကို စိတ်ရင်းနဲ့ ကောင်းချီးပေးကြမယ်။ ညီမတို့က စိတ်ရင်းနဲ့ မလုပ်နိုင်ရင်တောင် ညီမတို့က တစ်ယောက်နဲ့တစ်ယောက်ရဲ့ အဝေးမှာ နေကြမယ်။ တစ်ယောက်ကို တစ်ယောက် ထိခိုက်အောင် မလုပ်ရဘူး"

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now