Chapter 212: He's Actually Yan Fan (1)

5.7K 856 56
                                    

UNICODE

ထိုညတွင်ပင် အိမ်တော်ထိန်းဝမ်က ချူယန်ကို သွားရှာတယ်ဆိုတာ မုချင်းရွဲ မသိခဲ့ပေ။

သူမက အိပ်ယာအစောကြီးဝင်လိုက်သည်။ သူမက ယဲ့ချင်းရန်ကို အရမ်းဒေါသထွက်ပြီး သူမဘဝကို ဖျက်ဆီးတာကို မုန်းပေမယ့်လည်း သူမ စိုးရိမ်တာမျိုးတော့မရှိပေ။

သူမက ဇာတ်လိုက်မပဲလေ။

လုံကျွင်းယောင်၊ မုရုန်ယီချန်းနှင့် လျန်ရှောင်းတို့က ဒီလိုဖြစ်ပြီးနေပြီ။

သူမက သူတို့ကို ပြောင်းလို့မရမှတော့ သူတို့ကို သူမ စွန့်ပစ်လိုက်ရုံပင်။ သူမတွင် အကောင်းဆုံးရွေးချယ်မှုရှိသည်။ အနာဂတ်မှာ သူတို့ရဲ့ခံစားချက်တွေကို သူတို့သိတဲ့အချိန်ကျ သူတို့ကို နောင်တတွေနှင့် နေရအောင် သူမလုပ်မည်။

မျက်နှာချင်းဆိုင် ဗီလာရှိယောကျာ်းကို ဘယ်လိုယူရမလဲဆိုတာပဲ သူမတွေးဖို့လိုသည်။

စောစောထတဲ့ငှက်က အစာဝသည်။ (T/N: စောစောထတဲ့ပိုးကောင်က အရင်သေသည်။ 😂)

အခုလက်ရှိ သူမမှာလည်း အခွင့်အရေးရှိသေးသည်။

နောက်တစ်နေ့မနက်တွင် ကောင်းကင်အလင်းထွက်လာသည်နှင့် သူမနိုးသည်။

လိုက်ကာကို ဖွင့်ပြီး အပြင်ကို ကြည့်လိုက်သည်။ မျက်နှာချင်းဆိုင် ဗီလာကနေ ချူယန်ထွက်လာတာကို သူမ မြင်လိုက်သည်။ သူက ပေါ့ပါးတဲ့ အားကစားဝတ်စုံဝတ်ထားပြီး မနက်ခင်းလမ်းလျှောက်သွားတော့မည်။

သူမမနေနိုင်ဘဲ ပြုံးမိသွားသည်။

ပြီးနောက် သူမက အဖြူရောင်တီရှပ်နှင့် အားကစားဘောင်းဘီတိုအဖြူကို အမြန်ဆုံးလဲလိုက်သည်။

မိတ်ကပ်ပါးပါးလူးပြီး ဆံပင်ကို ခပ်မြင့်မြင့်ချည်လိုက်သည်။ ငယ်ရွယ်သည့်ခွန်အားတွေအပြည့်နှင့် ပုံပေါ်နေသည်။

အစိမ်းရောင်သစ်တောပန်းခြံတွင် အိမ်ယာရှိလူတွေက မနက်ခင်းလေ့ကျင့်ခန်းအတွက် ပြေးနေကြ လမ်းလျှောက်နေကြသည်။

မုချင်းရွဲလည်း ပြေးရင်း ချူယန်ကို လှမ်းကြည့်လိုက်သည်။

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now