Chapter 250: The Oriole Behind (2)

4.1K 625 4
                                    

UNICODE

မုချင်းရွဲကို ကယ်ခဲ့သူက လုံကျွင်းယောင်မဟုတ်ပေ။ သူတို့နှစ်ယောက်က ပြန်တွဲနေတယ်မဟုတ်ဘူးလား? လုံကျွင်းယောင်က ဘယ်လိုလုပ်ပြီး အရမ်းဝတ်ကျေတန်းကျေနိုင်ရတာလဲ?

တကယ်မထင်ထားမိဘူး။

လုံကျွင်းယောင်မဟုတ်ဘူးဆိုရင် မုချင်းရွဲက သူမကို ကယ်ဖို့ ဘယ်သူ့ကို ရှာတာလဲ?

မုရုန်ယီချန်းနှင့် တုန်ဖန်းယွီက မုချင်းရွဲအပေါ် လုံကျွင်းယောင်လောက် ခံစားချက်မရှိကြပေ။ လုံကျွင်းယောင်တောင် အင်အားမစိုက်ထုတ်ဘူးဆိုမှတော့ အဲ့နှစ်ယောက်ကို ပြောဖို့မလိုတော့ပေ။

ချူယန်က ဆက်လာသည်။ "ပထမနှစ်တစ်ဝက်မှာ ကုမ္ပဏီရဲ့ အဓိကစီးပွါးရေးကို မြို့တော်ကို ရွှေ့ခဲ့တာ။ ကိုယ်ရော ဟဲစီကျိုးရောက မြို့တော်ကိုပြန်လာပြီး အဲ့မှာ လက်ထောက်တစ်ယောက်ပဲကျန်ခဲ့တာ။ သူလည်း ကုမ္ပဏီကိစ္စနဲ့ အလုပ်များနေတော့ မုချင်းရွဲကို အာရုံမစိုက်အားဘူး။ မုချင်းရွဲက ချုပ်မိနေတယ်လို့ပဲ သူလည်း တွေးထားတာ။ သူသိချိန်ကျ မုချင်းရွဲက လွတ်သွားပြီး ပျောက်သွားပြီ"

"ဘယ်သူက မုချင်းရွဲကို ကာကွယ်ပေးနေတာလဲ?" မုချင်းရွဲက နောက်ဆုံးဇာတ်လိုက် စုယီအန်းနဲ့များ တွဲမိသွားတာလား?

"တစ်ဖက်လူက တမင် သူ့ Identity ကို ဖုံးထားတယ်။ သူ့နောက်ခံက ရိုးရှင်းတဲ့ပုံမပေါ်ဘူး။ ကျင်းမြို့တော်မှာ သူ့ရဲ့ သတင်းတွေ မရှိဘူး" ချူယန်က ပြန်ဖြေလာသည်။

ယဲ့ချင်းရန်က ထပ်ပြီး ဆွံ့အသွားပြန်သည်။ ဇာတ်လိုက်မရဲ့ ရောင်ဝါက တကယ့်ကိုပဲ မရှုံးနိမ့်ပေ။ သူမစိတ်ထဲ သက်ပြင်းချမိသွားသည်။

ထိန်းသိမ်းခံရသည့်နေရာမှာ ရှိနေတာတောင် သူမကိုကူညီမည့် အထက်တန်းလွှာနဲ့ ဆုံနိုင်သေးသည်။ ဆိုးဝါးတဲ့အခြေအနေကို ကောင်းမွန်တဲ့ဘက်ရောက်အောင် အမြဲ သူမပြောင်းနိုင်သည်။

သူမကို နှောင့်ယှက်နေတဲ့သူကို သံသယဝင်မိချိန်မှာ အမြဲ မုချင်းရွဲကိုပဲ တွေးမိသည်။ သို့ပေမယ့် သူမထင်တာက မုချင်းရွဲက အထိန်းသိမ်းခံထားရသည်ဟု ဖြစ်သည်။

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now