Chapter 264: Hard To Part Feelings (2)

3.6K 570 12
                                    

UNICODE

ညဉ့်နက်နေပြီဖြစ်လို့ ချူရုန်ရုန်တစ်ယောက်တည်း ကျောင်းကို ပြန်ရမှာကို ယဲ့ချင်းရန်စိတ်ပူသည်။ ထို့ကြောင့် သူမက အိမ်မပြန်တော့ဘဲ ချူရုန်ရုန်နှင့်အတူ ကျောင်းသို့ ပြန်တော့သည်။

နောက်တစ်နေ့ နေ့ခင်း နှစ်ယောက်သား နေ့လည်စာစားပြီးနောက် ချီရွှမ်ဆီသွားဖို့ ဆေးရုံကို တူတူသွားကြသည်။

တစ်ညတာအနားယူပြီးနောက် ချီရွှမ်က ပိုပြီး သက်သာလာကာ သူမခွန်အားတွေလည်း ပြန်ရပြီဖြစ်သည်။ ဆရာဝန်လည်း သူမက ဆေးရုံကနေ ဆင်းနိုင်ပြီဖြစ်ကြောင်းပြောလာသည်။

သူမ မသွားခင် ယဲ့ချင်းရန်က ကုတင်ဘေးစားပွဲပေါ်ရှိ အစားအသောက်ဘူးကို ကြည့်ကာ သာမန်ကာလျှံကာဖြင့် မေးလိုက်သည်။ "ဘယ်သူ့အစားအသောက်ဘူးလဲ? မင်း ပြန်သယ်သွားချင်လား?"

ချီရွှမ်က အနည်းငယ်အံ့အားသင့်ကာ ယဲ့ချင်းရန်ကို ကြည့်ပြီး မေးလိုက်သည်။ "နင့်ဟာမဟုတ်ဘူးလား?"

"ငါ့ဟာမဟုတ်ဘူးလား ရုန်ရုန့်ဟာလား?"

ယဲ့ချင်းရန်က ချူရုန်ရုန်ကို ကြည့်လိုက်သည်။

ချူရုန်ရုန်က ယဲ့ချင်းရန်ကို ကြည့်ကာ သူမဟာလားလို့ မေးချင်သည်။

တစ်ယောက်ကို တစ်ယောက်အဖြေပြန်မပေးခင်မှာပဲ အူတိအူကြောင်အမူအရာတွေဖြင့် ကြည့်နေကြသည်။

ချီရွှမ်က ရှင်းပြလာသည်။ "မနက် ငါနိုးတော့ ကုတင်ဘေးစားပွဲမှာ ပန်းတွေနဲ့ အစားအသောက်ဘူးရှိနေတာ။ အထဲမှာ ကြက်စွပ်ပြုတ်နဲ့ မုန့်တွေလည်း ပါတယ်။ ငါက မှားပြီးလာထားတာလို့ တွေးနေတာ။ သူနာပြုက ငါနိုးတာမြင်ချိန်မှာ ငါ့သူငယ်ချင်းက ငါ့အတွက် ပြင်ပေးထားတာလို့ ပြောသွားတယ်။ ငါစားဖို့သင့်တော်တယ်တဲ့ ငါနိုးချိန်မှာ စားဖို့သတိရဖို့လည်း ပြောသွားတယ်။ ငါက နင်တို့နှစ်ယောက်ထဲက တစ်ယောက်ပြင်ပေးသွားတာလို့ ထင်လိုက်တာ။ နင်တို့မဟုတ်ရင် ဒါဆို... ဘယ်သူများလဲ?"

ချီရွှမ်က နောက်ဆုံးစာလုံးကို မပြောလိုက်ပေ။

တစ်စုံတစ်ယောက်ကို တွေးမိသွားသည်။

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now