Chapter 265: Calm Before The Storm

3.6K 575 8
                                    

UNICODE

ရက်အနည်းငယ်ရှိပြီဖြစ်သည်။ စုမိသားစုက သွေးသားတော်စပ်မှုစစ်ဆေးချက်ကို လုပ်ပြီးတာ ကြာသင့်ပြီဖြစ်သည်။

သို့ပေမယ့် သခင်ကြီးစုက ဘာတစ်ခွန်းမှ မဆိုသာပေ။ စုယီအန်းနှင့် သူ့မိသားစုက စုမိသားစုဝင်ဖြစ်နေတုန်း ဖြစ်သည်။

အဲ့လိုဆိုရင်တောင် စုမိသားစုရဲ့ ဦးတည်ချက်က ပြောင်းလဲသွားပြီဖြစ်၏။

ကနဦိးတုန်းက စုယီအန်းကို ထောက်ခံနေသည့် တစ်ဝက်လောက်က စုတျန်ဟန်ဘက်သို့ ပြောင်းသွားသည်။

တကယ်မှာတော့ ထိုအထဲတွင် မျိုးနွယ်စုဝင်တွေနှင့် စုမိသားစု အကြီးအကဲတစ်ချို့ပါသည်။

ဒါကပဲ သူတို့ကအတွင်းသတင်းကို သွေးသားတော်စပ်မှုရလဒ်လိုမျိုးကို ကြိုသိထားပြီးသားလို့ လူအများကြီးကို ခန့်မှန်းမိသွားအောင် လုပ်လိုက်တာဖြစ်သည်။

စုတျန်ဟန်သာလျှင် အဖိုးစုရဲ့ သွေးသားဖြစ်သည်။ စုယီအန်းကို နှစ်တွေအများကြီး ထောက်ပံ့ခဲ့သည့် ထိုမျိုးနွယ်စုဝင်တွေက စုယီအန်းကို တိုက်ရိုက်သစ္စာဖောက်ကာ စုတျန်ဟန်ဘက်သို့ ပြောင်းသွားကြသည်။

ပါးပါးစုနှင့် စုယီအန်းက အရင်ကလိုပင် နေ့တိုင်း အလုပ်သွားနေကြသည်။

ဘာမှမဖြစ်သလို တည်ငြိမ် အေးချမ်းနေသည်။

သို့ပေမယ့် မားမားစုကတော့ ဘာပွဲအခမ်းအနားမှ မတက်ရောက်တော့ပေ။

စုကဲဖေးလည်း ကျောင်းသို့ ပြန်မလာပေ။

ဒါက နောက်တစ်စက္ကန့်မှာ ကောင်းကင်ရော ကမ္ဘာမြေကြီးပါ ပြိုလဲသွားတော့မလို မုန်တိုင်းမလာခင် တည်ငြိမ်နေသည့် ပုံနှင့် တူနေသည်။

စုယီအန်းကိစ္စကြောင့် ချီရွှမ်စိတ်ဓာတ်ကျနေမှာကို ယဲ့ချင်းရန်နှင့် ချူရုန်ရုန်က စိတ်ပူနေသည်။

သူတို့က ချီရွှမ်ကို ညစာစားဖို့ အထူးတလည်ဖိတ်လေသည်။

ချီရွှမ်က စိတ်အခြေအနေကောင်းသည်။

စုယီအန်းက စုမိသားစုဝင် ဟုတ်ဟုတ် မဟုတ်ဟုတ် သူမက ဒီစေ့စပ်ပွဲကို လက်မလျှော့ဘူးလို့ ဆုံးဖြတ်ထားပြီးကြောင်း သူမ ပြောလာသည်။

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now