3

22.3K 3.5K 598
                                    

Unicode

လော့မိသားစု ?

ဝီးချဲလ် စီးလာတဲ့ လူက ဦးဆောင်လာတယ်?

ရှီရှန်း တစ်ခုခုကို ချက်ချင်း သဘောပေါက်သွားပြီး လူအိုကြီးရှီ ကို ထိတ်လန့်စွာ ကြည့်ကာ "လော့လင်းရှန်း လာတာလား? "

"သူအပြင် လော့မိသားစုမှာ ဘယ်သူက သွားလာဖို့ ဝီးချဲလ် လိုနေလို့လဲ?"  လူအိုကြီးရှီရဲ့ ဒေါသက သူ့မျက်နှာပေါ်တွင် ခဲသွားပြီး  ရှားရှားပါးပါး ထိတ်လန့် ကြောက်ရွံ့မှုက လင်းယုန်ကဲ့သို့ စူးရှသော သူ့မျက် လုံးများတွင် ပေါ်လာသည်။

အကြောင်းပြချက်မရှိဘဲ ဒီနတ်ဘုရားကြီး သူတို့ကို စိတ်ဝင်စားအောင် ဘာများလုပ်မိခဲ့တာလဲ?

သူ မသိစိတ်ကနေ စားပွဲခုံကို တစ်ချက်ရိုက်လိုက် ပြီး အသိပေးတော့သည်။

"မြန်မြန်ထကြ၊ ငါ့နောက်ကလိုက်ပြီး သူ့ကိုလိုက် တွေ့ကြ။"

ရှီယွင်နန်သည် အနည်းငယ်အလှမ်းဝေးနေတော့ သူတို့စကားပြောသံကို မကြားရပေ။ သူကိုယ်တိုင် ပဲ တံခါးဆီသို့ လျှောက်သွားလိုက်သည်။

ဘယ်သူလာလာ  ဂရု​စိုက်နေရ​မှာ​လဲ?

အခုချိန် သူက 'လော့' ဆိုတဲ့ စကားလုံးကို ရွံရှာနေတော့ ဒီဖရိုဖရဲ အခြေအနေမှ ရုန်းထွက်ရန် အခွင့် ကောင်းယူလိုက်သည်။

ရှီယွင်နန် ထိုအကြံဖြင့် အိမ်မှ ထွက်မလို့ ပြင်လိုက် သော်လည်း  တံခါးကို တွန်းဖွင့်လိုက်သောအခါတွင် လူတစ်စုနဲ့ ဝင်တိုးကာ၊ ထိုလူတွေက သူ့လမ်းမှာ ပိတ်နေသလို ဖြစ်နေလေသည်။

"......"

ရှီယွင်နန် ရုတ်​တရက်​ ရပ်သွားပြီး သူ့မျက်​လုံးများ ​အောက်​သို့ ကျသွားတော့သည်​—

သူနှင့် သုံးဆယ်စင်တီမီတာသာအကွာတွင် ရှိသော လူတစ်ယောက်သည် ဝီးချဲလ်ပေါ်တွင် ထိုင်နေပြီး သူ့ကို ပျင်းရိပျင်းတွဲ စိုက်ကြည့်နေ၏။

တစ်ဖက်လူမှာ အများဆုံးမှ အသက်သုံးဆယ်အစောပိုင်းလောက်ပဲရှိနိုင်သေး၏။ တစ်ကိုယ်လုံးဆင်ထားတဲ့ အနက်ရောင် ၀တ်စုံက သူ့ရဲ့ အေးစက် တဲ့ ပင်ကိုယ်စရိုက်ကိုပေါ်လွင်နေ၏ ။ ရွှေကွပ်ထားသော မျက်မှန်ကနေ လက်ပတ်နာရီအထိ သူဝတ် ထားသည့် အရာအားလုံးဟာ တန်ဖိုးကြီးတွေပင်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now