89.2

10.6K 1.9K 25
                                    

Unicode

ရှီယွင်နန် သူ့တူလေး နောက်ကျောကို ငေးကြည့်နေပြီးနောက် အပြုံးလေးနဲ့ ပြန်အကြည့်လွှဲလိုက်သည်။ 

"ဒီနေ့နေ့လည် ရုံးချုပ်ကို သွားမလို့လား?"

"အင်း"

ရှီယွင်နန် လော့လင်းရှန်း ဘေးမှာ ပြန်ထိုင်လိုက်ပြီး ဘာရယ်မဟုတ် မေးလိုက်မိသည်။ "ရဲတွေဘက်မှာ လော့ယန်ချွမ်း ဘယ်နေရာမှာ ရှိနေမှန်း လုံးဝအရိပ်အယောင်တောင် မသိရသေးဘူးလား?"

"ဖမ်းဝရမ်းက မနေ့ကမှ ထုတ်ထားတာဆိုတော့ အချိန်တော့ ယူလောက်ရအုံးမယ်။"

လော့လင်းရှန်းက ပြန်ဖြေလာ၏။ သူ့အကြည့်တွေမှာ အေးစက်နေသည်။

"လော့ယန်ချွမ်းက အခု လမ်းဆုံးကို ရောက်နေပြီ။ သူ့အစွမ်းအစနဲ့ဆို အရမ်း မလှုပ်ရှားနိုင်လောက်ပါဘူး"

ရဲထောက်လှမ်းရေးက လော့ယန်ချွမ်း၏ အဆက်အသွယ်အားလုံးကို ဖြတ်တောက်ထားတာမို့ ဘယ်နေရာပဲ ရောက်နေပါစေ သဲလွန်စတစ်ခုတော့ ရနိုင်လောက်လေသည်။

"ဒါပေမယ့် လော့ယန်ချွမ်းက ပုန်းနေသေးသလို၊ ဥပဒေကိုလည်း မလိုက်နာသေးဘူး၊ သူ လက်မခံနိုင်သေးပုံပဲ"

လော့ယန်ချွမ်းမှာ လော့မိသားစုရဲ့ အလျှော့မပေးတတ်တဲ့ သွေးတွေစီးဝင်နေတာကိုတော့ သူဝန်ခံရမည်။ ဒါပေမယ့် သူ့ရဲ့ ခေါင်းမာပြီး မလျှော့တဲ့ဇွဲကို အမြဲနေရာမှားမှာပဲ အသုံးချနေတာလေ။

တောင်တစ်တောင်ထဲမှာ ကျားနှစ်ကောင် မရှိနိုင်ဘူး။

လော့လင်းရှန်းကတော့ ရှီယွင်နန်နှင့် ရွှေငါးလေး၏ ကျောထောက်နောက်ခံဖြစ်ပေးနိုင်ရန် လော့မိသားစုကို ထိန်းချုပ်ထားချင်သည်။ လော့မိသားစုအပေါ် မက်မောတပ်မက်တဲ့ သူမှန်သမျှ သူအလွယ်တကူ လွှတ်ပေးမှာ မဟုတ်။

မစ္စစ်လော့က လော့လင်းရှန်းအကူအညီကိုရရန်  မျက်ရည်များဖြင့် တောင်းခံဖို့ ကုမ္ပဏီကို လာခဲ့သော်လည်း သူက ငြင်းဆန်ခဲ့၏။

လော့လင်းရှန်း စကားများထဲမှ ဖြစ်နိုင်ချေရှိသည့် အချက်များကို တွေးမိသွားသောအခါ ရှီယွင်နန် မျက်မှောင် ကြုတ်မိသွားသည်။ "ခင်ဗျားပြောတဲ့ အတိုင်းဆို သူသေမတတ် ရုန်းကန်ချင်ရင် ပြင်ပအကူညီကို အားကိုးရမှာပေါ့။"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now