86.1

12.4K 2.2K 56
                                    

Unicode

သူ့ချစ်သူမျက်နှာပေါ်ရှိ သိသာနေသည့် သဝန်တို အကြည့်​တွေကို တွေ့သည့်အခါ ရှီယွင်နန် တခစ်ခစ်မရယ်ဘဲ မနေနိုင်တော့။ "ဘာတွေ လောနေတာလဲ? ကျွန်တော်လည်း အတိတ်တုန်းက လျှို့ဝှက်ချက်တွေကို ပြန်ပြောပြနေတာပဲလေ မဟုတ်ဘူးလား?"

"ငယ်ရွယ်တဲ့အချိန်တုန်းက မရင့်ကျက်ခဲ့တဲ့သူ မရှိလို့လား?"

ထိုစကားလေးမှာ ပေါ့ပေါ့ပါးပါး ရယ်သံလေးနဲ့ ရောယှက်နေ၏။

လော့လင်းရှန်းမှာတော့ ရှီယွင်နန်၏ အကြင်နာမဲ့ပုံစံလေးကို တွေ့သည့်အခါ ကူကယ်ရာမဲ့သလို ခံစားလိုက်ရပြီး သဝန်တိုနေမိသည်။

လော့လင်းရှန်းတစ်ယောက် သူ့ရင်ထဲမှ အချဉ်ဓာတ်လေးကို မထိန်းထားနိုင်ကာ ရှီယွင်နန် ခါးလေးအား တင်းတင်းဖက်ထားပလိုက်သည်။ "တမင်တကာ ပြဿနာရှာဖို့ မစဉ်းစားနဲ့။ ဘယ်သူပဲဖြစ်ဖြစ် မင်းအခု သူနဲ့ လုံးဝမဖြစ်နိုင်တော့ဘူး။"

"ခင်ဗျားက ဘာလုပ်မလို့လဲ?" ရှီယွင်နန်က သူ့ကို ဆက် ကျီစယ်နေ၏။

"ကိုယ်ဘာလုပ်မလဲ?" သူချစ်သူ အရှုံးမပေးသေးတာကို မြင်တော့ လော့လင်းရှန်း သူ့ချစ်သူယားတဲ့နေရာတွေကို တမင်တကာ ကလိလိုက်ထိုးလိုက်တော့သည်။

"......ယားတယ်"

ရှီယွင်နန် တိုးတိုးလေး ရေရွတ်လိုက်၏။ သို့သော် နောက်တစက္ကန့်မှာပဲ လော့လင်းရှန်းက သူ့နှုတ်ခမ်းလေးကို အပိုင်သိမ်းလာတော့သည်။

လော့လင်းရှန်းရင်ထဲက အချဉ်ဓာတ်လေး နည်းနည်းသက်သာမသွားခင်ထိ နှစ်ယောက်သား နမ်းရှိုက်နေကြ၏။

"အရင်တုန်းက ဘယ်သူ့ကို ကြိုက်ခဲ့တာလဲ?"

ရှီယွင်နန်က အမှန်တိုင်းမပြောခင် သူ့အား ဆက်ကျီစယ်နေလိုက်သေးသည်။ "အဲ့နေ့ အဲ့နေရာမှာပဲ၊ ကောက်တာရှေ့မှာ ပိုက်ဆံရှင်းဖို့ လုပ်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်တယ်။ သူ့နောက်ကျောကို ကြည့်တာနဲ့တင် သူ့မျက်နှာက ဘယ်လိုမျိုးဖြစ်မလဲဆိုတာ ကို ကျွန်တော် အရမ်းသိချင်နေခဲ့တာ"

"..."

လော့လင်းရှန်း အံ့ဩသွား၏။

ရှီယွင်နန်က သူ့ချစ်သူ၏ လည်စလုတ်လေးကို လက်ချောင်းလေးတွေနှင့် ပွတ်သပ်နေရင်း ဆက်ပြောလာသည်။ "ကျွန်တော်က ရုပ်ချောတာကိုမက်တဲ့သူဆိုတာတော့ ဝန်ခံပါတယ်။ နောက်တော့ အဲ့လူက ကျွန်တော်တို့အတွက်ရှင်းပေးသွားတယ်ဆိုပြီး သူဌေးက လာပြောကောလေ။ အဲ့ဒါနဲ့ ကျွန်တော်လည်း..."

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now