Unicode
ရှီးခဲယွဲ့မှာ ယွမ်မုန် ဘယ်သူမှန်း မှတ်မိသွားပြီး၊ အရှက်ရတဲ့ စိတ်က တလှိုင်လှိုင်တက်လာတော့သည်—အခုတော့ ကြုံရာလက်ပါးစေတစ်ယောက်ကတောင် သူ့ခေါင်းကို နင်းပြီး လာဟောင်နိုင်နေပါလား?
သို့သော် အခုချိန်တွင် ရှီယွင်နန်နောက်မှာ ရွေ့လို့မရတဲ့ ဗုဒ္ဓကြီးရှိနေမှန်း သူသိထားတာကြောင့် သူအသက်ကိုပြင်းပြင်းရှူရင်း ရှက်ပေမယ့်လည်း စိတ်ထဲမှာသာ မျိုသိပ်ထားလိုက်ရသည်။
"ရပါတယ်၊ ဒီဒဏ်ရာသေးသေးလေးလောက်ကတော့ ကျွန်တော့ဘာသာ ကိုယ်တွယ်လို့ရပါတယ်။"
မကျေမနပ်ဖြစ်နေသည့် ယန်စန်းတို့မှာတော့ ရုတ်တရက် အော်ပြောလာကြသည်။ "မစ္စတာရှီး ဒါက အဆင်ပြေတာတဲ့လား? သူ့ကို ဖမ်းဖို့ ဘာလို့ ရဲမခေါ်ခိုင်းတာလဲ?"
"ဟုတ်ပ! ဒီလူက ရှီယွင်နန် ငှါးထားတဲ့ သူဖြစ်မယ်..."
ရှီးခဲယွဲ့သည် သူ့နားထဲက ဆူညံဆူညံသံတွေကြောင့် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားပြီး မကျေမနပ်ဖြစ်နေသည့် စိတ်ကိုမျိုသိပ်ကာ ပြောလိုက်သည်။ "အားလုံးပဲ လော့အုပ်စုက လော့လင်းရှန်းကို ကြားဖူးလား? သူက လော့လင်းရှန်းရဲ့ ဘော်ဒီဂတ်ပဲ။"
အခန်းထဲတွင် စောင့်ကြည့်ကင်မရာ မရှိသလို၊ သူ နှစ်ကြိမ်တိုင်တိုင် အထိုးခံခဲ့ရတယ်။ ရဲခေါ်ရင်တောင် ဒီကိစ္စကို သီးသန့်ဖြေရှင်းပြီး ကြေအေးပေးဖို့ အပြောခံရမှာပဲ။
သူက ယွမ်ရွေ့နဲ့ သူငယ်ချင်းဆက်ဆံရေးကို ဖြတ်တောက်လိုက်သလို၊ ယွမ်မိသားစုအပေါ် အမှားလုပ်မိခဲ့တယ်။ အဲ့တော့ ရှီယွင်နန် လက်သီးကြောင့် သူ လော့လင်းရှန်းအပေါ် ထပ်အမှားလုပ်မိလို့ မဖြစ်ဘူး။
"....."
လူတိုင်း ထိုစကားကြားသောအခါ၊ အံ့ဩသွားတဲ့ အမူအယာများ ချက်ချင်းပေါ်လာကြတော့သည်။
ကျောက်စိမ်းဒီဇိုင်နာတွေ အနေနဲ့ သူတို့က အင်ပါယာမြို့တော်ရဲ့ လူကုန်ထံ ဖောက်သည်တွေနဲ့ ပြောဆို ဆက်ဆံဖူးကြတယ်လေ။ လော့လင်းရှန်း နာမည်ကို ဘယ်လိုလုပ် မကြားဖူးပဲ နေမှာလဲ?

YOU ARE READING
ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီးနောက်
RomanceEnglish Title- After a Flash Marriage With the Disabled Tyrant Author- 惗肆 English Translator- [Hua]rricane Status in COO- 94 chapters &17 extras All credit to original author and English translator.