54.2

14.7K 2.4K 83
                                    

Unicode

ထိုနာမည်ကို ကြားသောအခါ ရှီယွင်နန် မသိမသာ မျက်မှောင်ကြုတ်မိသွားသည်။ "မစ္စဖန်း၊ ခင်ဗျားတို့ အရင် ပြောနှင့်ကြပါ။"

သူပြောပြီးသည်နှင့် ယွမ်ရွေ့ကို ခေါ်ကာ တစ်ဖက်သို့ ထွက်လာလိုက်လေသည်။

ဒီနေရာမှာ ရှီယွင်နန်နဲ့ ဆုံမယ်လို့ လော့ယန်ချွမ်း မထင်ထားခဲ့။ သူ့စိတ်ထဲမှာတော့ "တိုက်ဆိုင်လိုက်တာ"ဆိုသည့် စကားရွေရွတ်နေမိပြီး မော့ရွှမ်ချီ အသံပြန်ကြားမှသာ မှင်တက်နေတာကနေ အသိစိတ်ပြန်လည်လာတော့သည်။

"နိဟောင် အန်ကယ်နဲ့ အန်တီ၊ ကျွန်တော်က လော့ယန်ချွမ်းပါ။"

သူခေါ်လိုက်တဲ့ အခေါ်အဝေါ်ကိုကြားတော့ ဖန်းယာ မသိမသာ မျက်မှောင်ကြုတ်မိလိုက်သော်လည်း၊ လော့ယန်ချွမ်း သူ့သမီးကိုပေးခဲ့တဲ့ အကူအညီက ဒီကသိကအောက်ဖြစ်တာကို လျစ်လျူရှုဖို့ လုံလောက်နေလေသည်။

"ချီချီဆီက သခင်လေးလော့အကြောင်းတွေ ကြားဖူးနေတာကြာပါပြီ၊ ကူညီပေးလို့ ကျေးဇူးတင်ပါတယ်..."

...

ဆွဲခေါ်လာခံရတဲ့ ယွမ်ရွေ့မှာတော့ သူ့သူငယ်ချင်း တစ်ခုခုဖြစ်နေမှန်း သတိထားမိသွားကာ အသံတိုးတိုးလေးနဲ့မေးလာသည်။ "ယွင်နန်၊ မင်း ခုနက ဘာဖြစ်သွားတာလဲ?"

မေးနေစဉ်မှာပဲ သူက ဖန်းယာတို့ဆီ ပြန်လှည့်ကြည့်လိုက်ကာ "အဲ့လော့ယန်ချွမ်းဆိုတဲ့ နာမည်ကဘာလို့ရင်းနှီးနေရတာပါလိမ့်? အကြီးအကဲလော့နဲ့ကော အမျိုးတော်လား?"

ရှီယွင်နန်က သူနဲ့ဖန်ခွက်ချင်းတိုက်လိုက်ကာ မေးလိုက်သည်။ "မင်းအင်ပါယာမြို့တော်က လူချမ်းသာ မိသားစုတွေအကြောင်း တကယ်ပဲ မသိဘူးလား?"

ယွမ်ရွေ့က ခေါင်းခါလိုက်ကာ "သူတို့နဲ့ ငါက ဘာမှမဆိုင်ဘူးလေ။ ဘာလို့ငါက သူတို့အကြောင်းကို သိနေရမှာလဲ? ငါက သန်းခေါင်စာရင်း ကောက်တဲ့ရုံးကမှ မဟုတ်တာ။"

ရှီယွင်နန်တစ်ယောက် ကူကယ်ရာမဲ့စွာ ရယ်လိုက်ပြီး အလွယ်ကူဆုံးနည်းနဲ့ပဲ ရှင်းပြလိုက်သည်။ "လော့ယန်ချွမ်းက လော့မိသားစုအခွဲတွေထဲက သခင်လေးတစ်ယောက်။ အမျိုးတော်ရရင်တော့ သူက လော့လင်းရှန်းရဲ့တူ။"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now