Extra- 9 (အကယ်၍)

6.4K 1K 48
                                    

Unicode


ရှီယွင်နန်တစ်ယောက် တစ်ပတ်လုံး ဆေးရုံတွင် လူနာစောင့်နေပေးခဲ့၏။ လူအိုကြီးဝမ် တဖြည်းဖြည်း ပိုသက်သာလာကြောင်း သိရမှာသာ သူစိတ်အေးသွားရတော့သည်။

VIP ဆေးရုံအခန်းတံခါး ပွင့်လာ၏။

စစ်ဆေးပြီးသွားသည့် ဆရာဝန်က ထွက်လာကာ အသိပေးလာသည်။ "သူနိုးလာပါပြီ၊ အသိစိတ်လည်း ပုံမှန်လိုပဲ ရှင်းရှင်းလင်းလင်းကြားရပါတယ်။ မိသားစုတွေ အထဲဝင်ပြီး စကားပြောလို့ရပါပြီ။"

"ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ် ဒေါက်တာ"

ဝမ်ယန်ဖုန်းက ကျေးဇူးတင်စကား အမြန်ဆိုလိုက်ပြီး သူ့အနားရှိ စုန့်ကျစ်ချိုးအား သူ့နောက်ကနေ လိုက်လာရန် အရိပ်အမြွက်ပြလိုက်သည်။

ဝမ်ရိပေ လိုက်သွားတော့မည့်အချိန်မှာပဲ ထိုနေရာတွင် မတုန်မလှုပ်ရပ်နေသည့် ရှီယွင်နန်ကို တွေ့လိုက်ရလေသည်။

"... ယွင်နန်?"

ရှီယွင်နန်က တုံ့ဆိုင်းနေသော အကြည့်ဖြင့် ထိုနေရာတွင် ရပ်နေကာ—

"ကော အထဲဝင်သွားပြီး အဘိုးနဲ့ နေပေးလိုက်ပါ။ သူအဆင်ပြေရင်ရပါပြီ။ ကျွန်တော် အထဲမဝင်ချင်ဘူး။"

တစ်ပတ်လုံးလုံး သူနဲ့ စုန့်ကျစ်ချိုး ဆုံသည့်အခါတိုင်း တစ်ဖက်လူက သူ့အပေါ် အမြင်ကြည်မနေခဲ့ပေ။

စုန့်ကျစ်ချိုးက သူမ၏ အပေါ်ယံ "အဒေါ်" ပုံရိပ် ပေါ်သွားမှာကို စိုးရိပ်ပေမယ့်လည်း သူမ မျက်လုံးများထဲမှ အမုန်းတရားများကိုတော့ ပိုပို သိသာစွာ ပြနေခဲ့၏။

ရှီယွင်နန် တစ်ဖက်လူဘာတွေးနေမှန်း နားလည်တာကြောင့် ဝမ်အိမ်တော်တွင် မနေချင်တော့။ အခုချိန်တွင် လူအိုကြီးလည်း အသက်ဘေးမှ လွတ်မြောက်သွားပြီဖြစ်တာကြောင့် သူ၏ လူနာစောင့် တာဝန်လည်း ပြီးမြောက်သွားလေပြီ။

"ဘာလို့ အထဲ လိုက်မဝင်တာလဲ?"

ဝမ်ရိပေ မျက်မှောင်ကြုတ်ကာ သူ့ညီလေး၏ လက်ကောက်ဝတ်ကို ဆွဲလိုက်သည်။ "ယွင်နန် အမှားလုပ်တဲ့ သူက မင်းမှ မဟုတ်တာ။ မင်း အပြစ်ရှိသလို ခံစားနေစရာ မလိုပါဘူး။"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now