7

20.8K 2.9K 100
                                    

Unicode

နောက်နေ့မနက်စောစောမှာတော့

ရှီယွင်နန်သည် လက်ထပ်တရားရုံးရဲ့ စောင့်ဆိုင်းရသည့်အခန်းတွင် ထိုင်နေပြီး သူ့စိတ်က အနည်းငယ် နူးညံ့နေ၏။ သူ့ဘ၀မှာ ပထမဆုံး လက်ထပ်လက်မှတ်ယူတာက ဒီလိုအခြေအနေနဲ့ ယူရမယ်လို့ တစ်ခါမှ မထင်ထားခဲ့ပေ။

သူကတွေ့တာ  နှစ်ရက်တောင် မပြည့်သေးတဲ့ သူနဲ့ အလျင်စလို လက်ထပ်သဘောတူခဲ့သည်။

အခုခေတ်လူ့အဖွဲ့အစည်းက အလွန်ပွင့်လင်းလေသည်။ ဆန့်ကျင်ဘက်လိင်နှင့် လိင်တူနှစ်ဦးစလုံးက  တရားဝင်လက်ထပ်ခွင့်ရှိကြသည်။ လက်မှတ်ရဖို့ လုပ်ထုံးလုပ်နည်းများပင်လျှင် ရိုးရှင်းသောကြောင့် ID ကိုသာ ပြရန်လိုအပ်၏။

ဒီနေ့ဟာ ပိတ်ရက်မဟုတ်သလို အထူးအဓိပ္ပါယ်ရှိတဲ့နေ့လည်းမဟုတ်တဲ့အတွက် လက်မှတ်လာယူတဲ့ စုံတွဲတွေ သိပ်အများအပြား မရှိပေ။

ဝီးချဲလ်ပေါ်တွင် ထိုင်နေသော လော့လင်းရှန်းက ပြောလာ၏။

"အရမ်းစိတ်လှုပ်ရှားနေလား? အခုချိန်မှ နောင်တ ရလို့ မရတော့ဘူး"

ရှီယွင်နန်က မကြောက်မရွံ့ ခေါင်းခါလိုက်ပြီး

"ဒီလောက် ချောပြီး ချမ်းသာတဲ့ အိမ်ထောင်ဖက်ကိုရထားတာ၊ ကျွန်တော်က ဘာလို့ နောင်တရမှာလဲ?"

ဒီ အိမ်ထောင်ရေးက ဟန်ဆောင်တာသာဖြစ်ပြီး  သူ့အတွက် အသားတစ်ပိုင်းမျှ ဆုံးရှုံးမည်မဟုတ်ပေ။

ပိတ်ထားတဲ့ တံခါးပွင့်လာပြီး ဆောင်ရွက်ပေးတဲ့ ဝန်ထမ်းက အော်လေသည်။

"နောက်ထပ် တစ်တွဲ ဝင်လာပြီး ဓာတ်ပုံရိုက်လို့ရပါ ပြီ"

နောက်​တစ်​စက္ကန့်​မှာ​တော့ သူမ အကြည့်တွေက လော့လင်းရှန်းရဲ့ ကိုယ်​ပေါ်ရောက်လာပြီး သူမရဲ့မျက်​နှာက အံ့အားသင့်​ပြီး ​စိတ်မကောင်းဖြစ်နေသည့်ပုံပင်—-

ဝီးချဲလ်နဲ့လား?

ဒီလို ရုပ်ချောလွန်းတဲ့ အမျိုးသားကောင်းလေးက  သူ့ခြေထောက်ကို ဘယ်လိုထိခိုက်မိသွားတာလဲ? နှမြောစရာပဲ။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now