13

17.9K 2.9K 187
                                    

Unicode

"မင်းကို ကြံစည်တယ်? မင်းဘာသာ  ကိုယ့်ခြေထောက်ကိုယ် ပြန်ပစ်မိတာပဲလေ။"

ရှီယွင်နန် မှန်ထဲက ရှီးခဲယွဲ့ရဲ့ စိတ်မသက်မသာ ဖြစ်နေသည့် မျက်နှာကို ကြည့်ကာ ဘုံပိုင်ခေါင်းကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး

"ငါက ကိုယ့်ကိုယ်ကို ကြိုတင် ကာကွယ်ရုံပဲ။"

သူကကံကြမ္မာကို ကြိတ်မှတ်လက်မခံသလို မဆင်မခြေလုပ်တတ်တဲ့သူမျိုးလည်း မဟုတ်ပေ။

ဒီညတော့ သူပြင်ဆင်လာခဲ့တယ်။ အိပ်မက်ထဲက အဓိကဇာတ်ကောင်တိုင်းကနေ ဝိုင်စားပွဲပေါ်က အန်စာတုံးတိုင်းရဲ့ ရလာဒ်တွေအထိ... အိပ်မက်ကနေ နိုးလာပြီး  နောက်တစ်နေ့မှာ သူ ရှင်းရှင်းလင်းလင်းမှတ်မိနေခဲ့တယ်။

ပထမ ၉ ကြိမ်ရဲ့ ရလဒ်များဟာ သူ့ထင်ထားသည့်အတိုင်းဖြစ်သော်လည်း  သိပ်ဂရုမစိုက်ပေ။ရှုံးတော့လဲ ရှုံးပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်  သူက တစ်ဖက်သားရဲ့ စိတ်လှုပ်ရှားမှုကို မြှင့်တင်နိုင်ပြီး  အန္တရာယ်ကို ရှောင်ပြီးသားလည်းဖြစ်သည်။

ကျိန်းသေ  အရာရာတိုင်းမှာ မသေချာမရေရာမှုတွေကတော့ အမြဲရှိနေတာပေါ့။

"နောက်ဆုံးအချီမှာ အခွင့်အရေးက 50-50 ပဲ၊ ဒါပေမယ့် ငါဘာလို့ လောင်းရလဲ မင်းသိလား? ဘာလို့လဲဆိုတော့  ရှီမိသားစုရဲ့ ပိုင်ဆိုင်မှုက ငါ့မျက်လုံးထဲမှာတော့  စွန့်ပစ်လို့ရတဲ့ အမှိုက်ပုံတစ်ပုံသာမို့လို့ပဲ။  ငါလုံးဝမလိုချင်ဘူး။"

အဲ့ဒါကြောင့်  နောက်ဆုံးအချီရဲ့ရလဒ်က ပြောင်းသွားပါက  ရှီယွင်နန်အတွက် ရှုံးသွားလည်း ကိစ္စမရှိပေ။ ဒါမယ့် ရှီးခဲယွဲ့အတွက်တော့အဲ့လိုမဟုတ်ဘူး—

တစ်ဖက်တွင် သူက  ရှီယွင်နန် လှည့်စားခံလိုက်ရပြီလို့ထင်ကာ  တစ်ဖက်တွင်လည်း သူက လောဘကြီးကာ တိုးများလာသော လောင်းကြေးကြောင့် အရူးလုပ်ခံရလိုက်သည်။ အဲ့ဒါကြောင့် သူက အရက်ကို သတိမထားမိဘဲ သောက်လိုက်မိတာပဲ။

သူ့တစ်ကိုယ်လုံး အပူရှိန်က ပိုဆိုးလာ၏။ ရှီခဲ့ယွဲ့က ရှီယွင်နန်ရှေ့တွင် ဆိုးရွားသည့်ပုံစံကို မပြချင်သောကြောင့် တည်ငြိမ်စွာအသက်ရှူဖို့ အပြင်းအထန်ကြိုးစားနေလေသည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now