51.2

13.5K 2.4K 47
                                    

Unicode

"ဘာများလဲ?"

ကုကျွယ်ရဲ့ ကျဉ်းမြောင်းသည့် ဖီးနစ်မျက်လုံးမှာ မစရသေးတဲ့ လေလံပွဲတွင် အားလုံးအနိုင်သိမ်းသွားသည့် အနိုင်ရသူလိုမျိုး ကျေနပ်တောက်ပနေသည်။

ကြည့်လေ။ ယွမ်ရွေ့က သူ့စကားတွေကို ပြန်မချေပရဲဘူးမလား?

သူတို့လက်ရာ "Xဒီဇိုင်း" အဖြစ် ဆန်ခါတင်စာရင်းသွင်းခံရတာက ယွမ်မိသားစု မျက်နှာပျက်မှာစိုးလို့ ပိုက်ဆံပေးဝယ်တာလည်း ဖြစ်နိုင်တာပဲလေ။

"မစ္စတာကု၊ ကျွန်တော်တို့ ကျောက်စိမ်းစတူဒီယိုက ဖွင့်ထားတာ မကြာသေးဘူး။ ကျွန်တော်တို့မှာ အဆက်အသွယ်တွေရဖို့ ၊ အောင်မြင်ဖို့ စျေးကွက်ချဲ့ထွင်နိုင်ဖို့နည်းလမ်းတွေ ရှာဖို့လိုနေသေးတယ်။"

ရှီယွင်နန်က ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကို ဖုံးကွယ်မထားပေ။

သူ ခဏရပ်လိုက်ပြီး၊ သူ့မျက်လုံးတွေကတော့ ရုတ်တရက် စူးရှသွားသည်။ "ဒါမယ့် တချို့ ကျောက်စိမ်းဒီဇိုင်း ကုမ္ပဏီတွေဆို ယိုယွင်းလာပြီလေ။"

"....."

ဒါကိုကြားတော့ လင်းယွီက သုံးယောက်မှာ တပြိုင်နက်တည်း မှင်တက်သွားတော့သည်။

"မစ္စတာရှီ၊ ဒါမျိုးက မပြောသင့်ဘူးမလား?" စုန့်မြောင်ခယ့်က ပြန်ချေပလာပြီး သူ့မျက်လုံးတွေကတော့ ကုကျွယ်ကို ကြည့်လာ၏။

"ကျွန်တော်က မင်းတို့လင်းယွီကို ပြောနေလို့လား?  ကိုယ်ကိုယ့်ကို အဲ့လို သဘောထားစရာမလိုဘူးလေ၊ ဟုတ်တယ်မလား?" ရှီယွင်နန် အပြုံးလေးနဲ့ ထပ်မေးလိုက်တယ်။ "ဒီဇိုင်နာစုန့်၊ မင်းတို့ လင်းယွီကော ဘာလို့ ဒီလေလံပွဲကြီးမှာ ပါလာတာလဲဆိုတာ မေးလို့ရမလား?"

"မင်းတို့လို ကုမ္ပဏီကြီးက ကျောက်စိမ်းဒီဇိုင်းလုပ်ငန်းမှာ နှစ်တွေအကြာကြီးကျင်လည်နေခဲ့တာလေ၊ကျွန်တော်တို့စတူဒီယိုအသစ်လေးလိုမျိုး ဘာလို့ အစက ပြန်စ နေတာလဲ?"

ရှီယွင်နန်က မေးခွန်းမေးနေစဉ် စုန့်မြောင့်ခယ့်ကို ကြည့်နေသော်လည်း အမှန်တော့ သူက ကုကျွယ်ပါးကို ဖြတ်ရိုက်နေတာပင်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now