87.1

12.7K 1.9K 17
                                    

Unicode

မနက်ခင်းတွင်—

ထမင်းစားပွဲ၌ ရွှေငါးလေးတစ်ယောက် ပေါင်မုန့်စားနေရင်း ရှီယွင်နန်အား ခိုးခိုးကြည့်နေမိ၏။

ဘယ်လိုလုပ်ရမလဲ? သူ့ ရှောင်ရှုရှုကို မေးရမလား မမေးရဘူးလား?

မနေ့ညက သူ့ရှောင်ရှုရှု သင်ပေးလိုက်တဲ့ သင်ခန်းစာကို သူ အကြာကြီး စဉ်းစားနေပေမယ့် နားမလည်ဘူးလေ။ အပင်စိုက်မယ်ဆို တွင်းတူးဖို့ လိုတယ် မဟုတ်ဘူးလား?

ဒါမယ့် သူ့မှာ ပေါက်တူးရှိဘူးလေ။ အဲ့တော့ သူသစ်ပင်စိုက်စရာလည်း မလိုတော့ဘူးပေါ့။

"ကျင်းယွီ ဘာတွေ စဉ်းစားနေတာလဲ?" လော့လင်းရှန်းက သူ့တူလေး အကြည့်ကို သတိထားမိသွားပြီး အသံကျယ်ကျယ်ဖြင့် ပြောလာသည်။  "မင်း အဲ့ပေါင်မုန့်ကို ဝါးနေတာကြာပြီ"

ရှီယွင်နန်က နို့ခွက်ကို သူ့နားတွန်းပို့ပေးလာပြီး ဂရုတစိုက် မေးလာသည်။ "ခြောက်ကပ်ကပ်ဖြစ်နေလား? နို့နည်းနည်း သောက်လိုက်နော်"

ရွှေငါးလေးက ကြောင်ပုံစံ နို့ခွက်ကို ကောက်ကိုင်လိုက်ပြီး နွားနို့ပူပူလေးကို ပါးစပ်အပြည့် တစ်ငုံသောက်လိုက်၏။ နောက်ဆုံးတော့ သူမမေးဖို့သာ ဆုံးဖြတ်လိုက်တော့သည်။

ထားလိုက်ပါ။ နားလည်ချင်ယောင်ပဲ ဆောင်လိုက်တာပေါ့။

သူရှုရှုနဲ့ သူ့ရှောင်ရှုရှုက သူအရမ်း မတော်ဘူးဆိုတာကို သိသွားရင် ဘယ်လိုလုပ်မလဲ?

သူတွေးနေရင်း ဦးလေးချင်က လော့လင်းရှန်းဆီ အကြောင်းကြားစာတစ်စောင် ကမ်းပေးလာသည်။  "ခေါင်းဆောင် အရင်နှစ်ရက်တုန်းက  မူကြိုကနေ ပို့ပေးထားတဲ့ နွေရာသီcampအတွက် အပြင်ထွက်ခွင့် အကြောင်းကြားစာပါ။ တဆိတ်လောက် ကြည့်ကြည့်ပေးပါအုံး"

"အပြင်ထွက်ခွင့် အကြောင်းကြားစာ?"

ထိုစကားကိုကြားသည့်အခါ ရှီယွင်နန် စပ်စုချင်သွားပြီး သူ့ခန္ဓာကိုယ်လေးကို စောင်းကာ ကြည့်လာ၏။

လော့လင်းရှန်းကလည်း အလိုက်တသိ စာရွက်ကို သူ့ဘက် ပြန်စောင်းပေးလိုက်ပြီး နှစ်ယောက်သား ဖတ်ကြည့်လိုက်ကြသည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now