90.2

10.3K 1.9K 29
                                    

Unicode

လော့လင်းရှန်း ချက်ချင်းထကာ အိမ်တော်ထိန်းဆီမှ ဖုန်းကို ဆွဲယူလိုက်၏။ "ဟယ်လို ကျွန်တော်က ကျင်းယွီရဲ့ဦးလေးပါ။ ပျောက်သွားတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ?"

ရှီယွင်နန်လည်း ထရပ်လိုက်ပြီး ယွမ်မုန် ဆီသွားကာ လေသံပြင်းပြင်းနဲ့ မေးလိုက်သည်။ "မင်းလည်း ဒီကိစ္စပြောမလို့လား? ရွှေငါးလေးကို ကာကွယ်ဖို့ ဘော်ဒီဂတ်နှစ်ယောက် လွှတ်ထားတယ် မဟုတ်ဘူးလား?"

"မစ္စတာရှီ အခုပဲ သတင်းပို့လာကြတာပါ! ဒီနေ့ နေ့လည် သုံးနာရီခွဲလောက်က သခင်ငယ်လေး campအဖွဲ့နဲ့အတူ ဟိုတယ်ပြန်လာခဲ့ပါတယ်..."

ဟိုတယ်တွင် စုစုပေါင်း ကိုးထပ်ရှိ၏။ ကလေးများ အန္တရာယ်ကင်းရန် လှေကားနှင့် ဓာတ်လှေကားနားတွင် လုံခြုံရေးအစောင့်များ ထားရှိထားသည်။ ကော်ရစ်တာတွင်လည်း CCTVတပ်ကာ ၂၄နာရီ စောင့်ကြပ်ထားလေသည်။

ထို့ကြောင့် ဟိုတယ်ထဲ ရောက်သည်နှင့် ကလေးတွေ ဘေးကင်းသွားပြီလို့ ယူဆထားခြင်းမှာ ကျိုးကြောင်းဆီလျော်လှသည်။

လော့လင်းရှန်းက ရွှေငါးလေး သက်တူရွယ်တူများကြားတွင် ပေါ်လွင်နေမည်ကို မလိုတာတာကြောင့် သူစီစဉ်ပေးထားသည့် ဘော်ဒီဂတ်နှစ်ဦးကို အပြင်ဘက်တွင်သာ လျှို့ဝှက်ကာကွယ်ပေးဖို့ တာဝန်ချထားသည်။

ရိုးရိုးရှင်းရှင်းပြောရလျှင်၊ ရွှေငါးလေး အပြင်ထွက်ပါက သူတို့လူအုပ်ကြားတွင် ပုန်းကာ ကာကွယ်ပေးကြပြီး၊ ဟိုတယ်သို့ ပြန်ရောက်လာသည့်အခါ ဟိုတယ်အပြင်ဘက်တွင် အလှည့်ကျ တာဝန်ယူ စောင့်ရှောက်ရသည်။

ထို့ကြောင့်လည်း သူတို့နှစ်ဦးကြား သတင်းအချက်အလက်အမှားအယွင်းတချို့ ရှိသွားတာပင်။

ဖုန်းတဖက်ရှိ ဆရာမက အခြေအနေကို ရှင်းပြလာသည်။ "ကျင်းယွီဦးလေး၊ ကျွန်မပြောတာ နားထောင်ပါ။ ဒီနေ့ camp အချိန်ဇယားနဲ့ လှုပ်ရှားမှုတွေ စောစောစီးစီး ပြီးဆုံးသွားပေမယ့် ကလေးတွေကဆက်ကစားချင်တယ် ဟိုတယ်မပြန်ချင်သေးဘူးဆိုပြီး ပြောလာကြပါတယ်။"

"အဲ့ဒါနဲ့ ကျွန်မတို့ အတန်းပိုင်ဆရာမ လေးယောက် ဆွေးနွေးပြီး ဟိုတယ်အပေါ်ဆုံးအထပ်က ကစားကွင်းကို ခေါ်သွားဖို့ ဆုံးဖြတ်လိုက်ကြပါတယ်"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now