Unicode
နိုဝင်ဘာလကုန်၊ အင်ပါယာမြို့တော်၏ယဉ်ကျေးမှုဖလှယ်သည့် ပွဲတော်ကြီးတွင်—
ရှီယွင်နန် ခန်းမထဲဝင်လိုက်တာနဲ့ ဝင်ပေါက်တွင် စောင့်နေသည့် ယွမ်ရွေ့အား တွေ့လိုက်ရ၏။ မကြုံစဖူး သူက ဝတ်စုံပြည့်ကို ၀တ်ဆင်ထားပြီး သူ့ဆံပင်များကိုလှန်တင်ကာ ဖီးလိမ်းထားတာကြောင့်၊ ငယ်ရွယ်သည့်ပုံစံပျောက်သွားပြီး အထက်တန်းလွှာအသွင်အပြင်မျိုး ရှိနေသည်။
"ယွမ်ရွေ့"
"ဘိုးဘေးရေ၊ မင်းရောက်လာပြီပေါ့!" ယွမ်ရွေ့က စိုးရိမ်နေသည့် စိတ်ကို ဖုံးကွယ်မထားဘဲ ပြေးလာသည်။
ရှီယွင်နန်မှာ သူ့အခေါ်အဝေါ်လေးကို ကြားတော့ ချက်ချင်း ရယ်မိသွားသည်။ "ငါ သိပ်နောက်မကျသေးဘူးမလား?"
"အရင်ဆုံး စာရင်း၊ စာရင်းသွင်းအုံး!"
ယွမ်ရွေ့က သူ့အား ကောင်တာစားပွဲခုံရှေ့ ခေါ်သွားပြီး၊ ရှီယွင်နန်လက်မှတ်ထိုး၊ ကဒ်လက်ခံယူတာကို နောက်ကတကောက်ကောက်လိုက်ကာ စောင့်ကြပ်နေပေးသည်။ ရပြီးခါမှ သူမှာ တိတ်တဆိတ် စိတ်သက်သာရာ ရသွားတော့သည်။
ရှီယွင်နန်က အလုပ်တံဆိပ်လည်ဆွဲကဒ်အားလည်ပင်းမှာ ဆွဲလိုက်ပြီး၊ ယွမ်ရွေ့နဲ့အတူ ခန်းမထဲသို့ လိုက်သွားလိုက်သည်။
အင်ပါယာမြို့တော်၏ ကျောက်မျက်ရတနာပရဟိတ လေလံတင်ပွဲကို ကိုးနှစ်ဆက်တိုက် ကျင်းပခဲ့ပြီး၊ တချို့ဒီဇိုင်နာများဆို ဆယ်သန်းအထိ တန်ဖိုးရှိသည့် ကျောက်မျက်ရတနာ ဒီဇိုင်းများပြသလာပြီး ၎င်းမှာ နာမည်ကြီးကာ တဟုန်ထိုးစျေးမြင့်သွားခဲ့သည်။
ထို့ကြောင့်၊ ဒီပွဲက ဒီဇိုင်နာများကို တစ်စုတစည်းထဲဖြစ်ဖို့ ပိုမိုဆွဲဆောင်နေခဲ့၏။
လက်ဝတ်ရတနာများရှိသည့်နေရာဆို၊ ချမ်းသာသော စီးပွားရေးသမားများနှင့် ချမ်းသာသောအမျိုးသမီးများ ပြတ်လပ်မနေပေ။ လေလံပွဲမှာ ရောင်းချခဲ့သည့် လက်ဝတ်ရတနာစုစုပေါင်းရဲ့ စျေးနှုန်းဟာ ပြီးခဲ့တဲ့နှစ်တွေကထက် ပိုမြင့်တက်လာခဲ့ပြီး ဒီအစီအစဉ်မှာ၊ တရုတ်နိုင်ငံရှိ လက်ဝတ်ရတနာဒီဇိုင်းတွေရဲ့ ခေတ်ရေစီးကြောင်း ဖြစ်လာသည်။

YOU ARE READING
ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီးနောက်
RomanceEnglish Title- After a Flash Marriage With the Disabled Tyrant Author- 惗肆 English Translator- [Hua]rricane Status in COO- 94 chapters &17 extras All credit to original author and English translator.