47.1

14.8K 2.5K 123
                                    

Unicode


ရှီးခဲ့ယွဲ့ မှာ သူ့"သူငယ်ချင်းကောင်း" ယွမ်​ရွေ့ က ရုတ်တရက်ကြီး သူ့ကို ထိုးလာလိမ့်မယ်လို့ မထင်ထားခဲ့။ သူဟန်ချက်ပျက်သွားကာ လက်သီးတစ်ချက်တည်းနဲ့ မြေပြင်ပေါ်သို့လဲကျသွားသည်။ ပထမဆုံးအကြိမ်အဖြစ် မျက်စိရှေ့မှာ ကြယ်တွေလတွေ မြင်လိုက်ရတဲ့ အဓိပ္ပါယ်ကို သူနားလည်သွားတော့သည်။

"....."

ရှီးခဲ့ယွဲ့ သည် သူ့ပါးပြင်များ အမြန် ထုံကျင်သွားသည်ကို ခံစားလိုက်ရပြီး သံချေးနံ့ သွေးနံ့များက သူ့ပါးစပ်မှ စီးကျလာသည်။

ယွမ်​ရွေ့က သူ့ဒေါသကို ဖြေလျှော့ဖို့ မလုံလောက်သေးဘူးဟု ခံစားလိုက်ရပြီး ချက်ခြင်းငုံ့ကိုင်းကာ ကော်လာကို ဆွဲကိုင်ပြီး၊နောက်ထပ် လက်သီးတစ်ချက် ပစ်သွင်းရန် ကြံရွယ်သော်လည်း ယန်စန်း က အမြန် ဝင်တားလိုက်သည်။

"သခင်​လေးယွမ်! ဘာလို့လူ​တွေကိုရိုက်​နေတာလဲ?

အခြားဒီဇိုင်နာငါး​ယောက်သည်လည်း နှေးနှေးကွေးကွေးတုံ့ပြန်လာပြီး မြေပြင်ပေါ်သို့လဲကျသွားသည်ြ ရှီးခဲ့ယွဲ့ အတွက် စိုးရိမ်ကြောင်းပြသရန် ဝိုင်းဖွဲ့လာကြသည်။

"ဟုတ်ပ၊ မစ္စတာရှီး အဆင်ပြေရဲ့လား?"

"အမ​လေး၊ မင်းရဲ့ နှုတ်ခမ်းက ကွဲသွားပြီ။ မင်း ရဲ ကို ခေါ်ချင်လား?"

ယွမ်​ရွေ့ဝိုင်းရံခံလိုက်ရပြီး ယန်စန်းက သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသည်။ ဒါကိုမြင်တော့ ရှီယွင်နန် က အကူအညီပေးဖို့ ခြေလှမ်းစနေပြီဖြစ်သော်လည်း ရလဒ်အနေဖြင့် ယွမ်​ရွေ့က အမြန် တုံ့ပြန်ကာ ယန်စန်းရဲ့ဖိနပ်ပေါ် နင်းချလိုက်သည်။ "ကိုယ်ကိစ္စကိုပဲ ကိုယ်စိတ်ဝင်စား! ခင်ဗျားမှာ အရည်အချင်း များများစားစား မရှိပေမယ့် ခင်ဗျားက ဝင်စွက်ဖက်တတ်တာတော့ သေချာတယ်!"

ယွမ်​ရွေ့က သူ့ခြေထောက်ကို နာအောင်လုပ်ပြီး လူရှေ့သူရှေ့မှာ သူ့မျက်နှာကိုပျက်စေခဲ့တာကြောင့် ယန်စန်းရဲ့မျက်နှာမှာ ချက်ချင်းနီရဲသွားတော့သည်။ "မင်းဘာပြောလိုက်တာလဲ!"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now