5

23.3K 3K 156
                                    

Unicode

ငါးမိနစ်လောက်ကြာတော့ ကားက လော့အိမ်ယာထဲကို ဝင်လာလေသည်။

ရှီယွင်နန်  စိမ်းစိုနေတဲ့ မြင်ခင်းပြင်ကြီးနှင့် နှစ်ဘက် စလုံးမှာရှိတဲ့ ရေပန်းတွေကို ကြည့်ကာ သူ့ပါးစပ် ထောင့်လေး မြင့်တက်လာပြီး "ဒါက တကယ့်ကိုချမ်းသာတဲ့ မစ္စလော့ရဲ့ ပုံစံအတိုင်းပဲ"

"မိသားစု မျိုးဆက်ပေါင်းများစွာ ချန်ထားခဲ့တဲ့ ဒီမြေက တဖြည်းဖြည်းကောင်းလာတော့ ဆောက် ပြီးတဲ့နောက် ဒီလိုဖြစ်လာတာပဲ။နေရာက နည်းနည်းတော့ ကျယ်တယ်၊ အချိန်ရရင် အိမ်တော်ထိန်းကိုလိုက်ပြခိုင်းလိုက်မယ်။"

လော့လင်းရှန်းရဲ့ အဖြေသည် တိုးပေမယ့်လည်း အရင်လို နှစ်လိုဖွယ်ကောင်းတုန်းပင်။

"ကျွန်တော် ဒီလက်ထပ်ပွဲကို  မြန်မြန်ဆန်ဆန် သဘောတူရတဲ့ အကြောင်းရင်းကို မစ္စတာလော့မသိချင်ဘူးလား?"

ရှီယွင်နန် သူ့ကိုပြန်ကြည့်ပြီး ပေါ်တင်ပဲ အသံထွက် လာ၏။ "တကယ်လို့ ကျွန်တော်က  လော့မိသားစုရဲ့  ကြီးကျယ်ခန်းနားတဲ့စည်းစိမ်တွေကိုသဘောကျသွားပြီး ဒီအိမ်ထောင်ရေးအတုကနေ တစ်ခုခုရဖို့ ကြိုးစားခဲ့ရင်ရော?"

ကားပြတင်းပေါက်အပြင်ဘက်ရှိ လေသည် သူ့ဆံပင်များကို လွင့်နေစေပြီး လူတို့ရဲ့နှလုံးသားကို အလွယ်တကူပဲ တုန်ခါစေလေသည်။

လော့လင်းရှန်း အဝေးကို မကြည့်ဘဲ သူ့အသံကို ထူးထူးဆန်းဆန်းတိုးလိုက်ပြီး "ဒီလက်ထပ်ပွဲက ကိုယ်ကအရင်ကမ်းလှမ်းတာမို့ မသိချင်ဘူး။ လက်ခံဖို့ ရွေးချယ်ရုံနဲ့တင်  လုံလောက်နေပါပြီ။ ကိုယ့်မျက် စိရှေ့အောက်မှာဘဲ လော့မိသားစုကနေခွဲထွက်ချင် တယ် ဆိုရင်တော့ ဒုတိယသခင်လေးရှီက တော် တော်ကျွမ်းကျင်တာပဲဖြစ်ရမယ်။"

သူ့စကားဆုံးတာနဲ့ ပင်မအိမ်ရှေ့တွင် ကားကရပ် သွားတော့သည်။

ကားတစ်စီးထဲမှာစီးတဲ့ လက်ထောက်နှင့် သက် တော်စောင့်က အမြန်ဆင်းပြီး တစ်ယောက်က
နောက်တံခါးကိုဖွင့်ကာ နောက်တစ်ယောက်က
ဝီးချဲလ်ကို ချထားပေးသည်။

"ခေါင်းဆောင် ၊ ရောက်ပါပြီ။"

"အင်း။"  လော့လင်းရှန်းက သူတို့ရဲ့ အပြုအမူတွေကို သိသိသာသာ ကျင့်သားရနေတော့ ကားထိုင်ခုံကနေ  ဝီးချဲလ်ပေါ် ရွှေ့လိုက်သည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now