45

15.6K 2.5K 72
                                    

Unicode


ရှီယွင်နန်တစ်ယောက် မနက်စာစားပြီး​၊ လော့လင်းရှန်းကို လိုက်ပို့ပေးပြီးနောက် လု​ကျောက်အန်းထံမှ WeChat မက်​ဆေ့ တစ်​စောင်ရောက်လာသည်။

တစ်ဖက်လူက အ​ရေးကြီးတာ တချို့ ကြေညာဖို့ရှိတာကြောင့် သူ့အား ယွမ်ကျောက်စိမ်းဒီဇိုင်းစတူဒီယိုသို့ နေ့လည်၃နာရီတွင် လာရန်ဖိတ်ထားလေသည်။

ရှီယွင်နန် အချိန်ကိုအနည်းငယ်တွက်ချက်​ပြီးနောက် ဝမ်းသာစွာနဲ့ပဲ လက်ခံလိုက်သည်။

ပထမအကြိမ်ထုတ်မည့် ဒီဇိုင်းမူကြမ်းကိုသူဆွဲပြီးသွားပြီ ဖြစ်ပြီး၊ အသေးစိတ်အချက်အလက်တွေကို လု​​ကျောက်အန်း၊ ကျောက်စိမ်းစက်ရုံရဲ့ အချောသတ်ရေးမွမ်းမံရေး အကြီးအကဲတို့နှင့် ဆွေးနွေးရန် လိုအပ်နေသေးသည်။

သူ လင်းလုံဈေးရှိ ယွမ်ဒီဇိုင်းစတူဒီယိုသို့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ရောက်လာခဲ့သည်။ သူဓါတ်​လှေကားဖြင့် အ​ပေါ်တက်​တော့မည့်အချိန်မှာပဲ တံခါးနားမှ အကူအညီသံကို ကြားလိုက်ရ၏။

"ဟေး,  ကျေးဇူးပြုပြီးခဏစောင့်ပါဦး!"

ရှီယွင်နန် အသံပိုင်ရှင်ကိုသတိထားမိပြီး"open door" ဆိုတဲ့ ခလုတ်ကိုချက်ချင်းဖိလိုက်သည်။

တစ်ချိန်ထဲမှာပင် ယွမ်​ရွေ့က လျှိုဝင်လာကာ "​ကျေးဇူး....."

သူက ရင်းနှီးနေတဲ့ ရှီယွင်နန်မျက်နှာကို တွေ့လိုက်​သောအခါ ပြောမပြတတ်အောင် နီရဲသွားပြီး တစ်ဝက်တစ်ပျက်စကားကို ပြန်ပြောလိုက်သည်။

"ကျေးဇူးပါ။"

ရှီယွင်နန် : "ယွမ်​ရွေ့၊မင်းဘာလိုရှက်​နေတာလဲ?"

"အဓိပ္ပါယ်မရှိတာ! ငါဘယ်လိုလုပ်ရှက်ရမှာလဲ?" ယွမ်​ရွေ့က ငြင်းလာသည်။

ထို​နောက်သူက အထစ်ထစ်အ​ငေါ့ငေါ့ဖြင့်"အဲ့ဒီ၊အဲ့ဒီည ဟိုတယ်​ခေါင်းမိုး​ပေါ်မှာ ငါမင်းကို ဒုက္ခ ပေးမိခဲ့တယ်။"

"ရပါတယ်။"

"ဒါ​မယ့် တချို့တချို့က​တော့ အငိုသန်တဲ့က​လေးလိုမျိုး ငါ့အဝတ်အစား​တွေကို ညစ်ပတ်သွားအောင်လုပ်ခဲ့တယ်​လေ။ အဲ့တာက သောင်းချီတန်တာကို။ "ရှီယွင်နန် သူ့ကိုစလိုက်သည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now