66

14.7K 2.3K 106
                                    

Unicode

နှစ်ရက်အကြာတွင် လော့လင်းရှန်း၏ ခွဲစိတ်မှုကို စီစဉ်ထားသည့် နေ့အတိုင်း ခွဲစိတ်ခဲ့သည်။

ရှီယွင်နန်ကတော့ ခွဲစိတ်ခန်းအပြင်ဘက်တွင် စောင့်ဆိုင်းနေ၏။ ပထမဆုံးအကြိမ်အနေနဲ့ သူ့နှလုံးသားလေး သူ့လည်ချောင်းထဲတွင် တစ်ဆို့နေသလို ခံစားနေရသည်။

အချိန်တွေက တစ်မိနစ်ပြီးတစ်မိနစ် ကုန်ဆုံးနေ၏။

ရှီယွင်နန်၏ မျက်လုံးများက တင်တင်းပိတ်ထားသည့် ခွဲစိတ်ခန်း တံခါးကိုသာ ကြည့်နေမိသည်။ သူ့ကိုယ်ဟန်အနေထားမှာ ခွဲစိတ်သည့် အစကနေ အခုထိ လုံးမရွေ့သေးပေ။ အချိန်အနည်းငယ်ကြာသည့်အခါ၊ သူ့မျက်လုံးများ ကျိန်းစပ်လာပြီး နီရဲလာတော့လေသည်။

ချင်ကျန်းက အချိန်ကို တချက်ကြည့်ကာ သူ့နားသို့ လျှောက်လာသည်။ "မစ္စတာရှီ၊ တစ်ခုခုအရင် စားထားချင်လား?"

ရှီယွင်နန် ခေါင်းခါပြလိုက်သည်။

တကယ့်ကို နေမထိထိုင်မသာ ဖြစ်နေသည့်အခြေအနေမှာ သူ့ခန္ဓာကိုယ်က တောင့်တောင့်ကြီး ပိုဖြစ်လာ၏။

ဘေးမှာရပ်နေသည့် ချင်ကျန်းနှင့် ယွမ်မုန်မှာ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြပြီး သူ့အားဖြောင်းဖျဖို့ သူတို့ ဘော့စ်ကိုသာ အသုံးချလိုက်ကြရသည်။ "ဘော့စ်ကပြောတယ်၊ ခွဲစိတ်တာက ထင်ထားတာထက် ကြာနေရင် မင်းအချိန်မှန်မှန်စားဖို့ကို ကျွန်တော်တို့ စောင့်ကြည့်ပေးရမယ်တဲ့။"

ထိုစကားကြားသည့်အခါ ရှီယွင်နန်က မသိမသာ တုံ့ပြန်လာ၏။ မျက်မှောင်ကြုတ်ထားရခြင်းကြောင့် နာကျင်နေသည့် သူ့နားထင်များကို ပွတ်ကာ သူက သက်ပြင်းချလိုက်သည်။ " သောက်စရာ တစ်ခုခုသာ ဝယ်ပေးပါ။ ကျွန်တော် တကယ်စားမဝင်လို့။"

"ကောင်းပါပြီ"

ပြောပြီးသည်နှင့်၊ ခွဲစိတ်ခန်းတံခါးပွင့်လာကာ ခွဲစိတ်တာဝန်ခံ ဒေါက်တာဘန့်စ်က ထွက်လာသည်။

ရှီယွင်နန် ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ပြီး၊ သူထလိုက်သည့်အခါ အကြာကြီး ထုံကျင်နေသည့် သူ့ခြေထောက်များကြောင့် သူလဲကျမလိုဖြစ်သွား၏။ အနောက်မှာ ရပ်နေသည့် ချင်ကျန်းက အမြန်တုံ့ပြန်ကာ ထိန်းလိုက်သောကြောင့် သူအမြန်ပဲ ပြန်တည်ငြိမ်သွားတော့သည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now