Unicode
အခန်းအတွင်းရှိ ကန့်လန့်ကာများကို တင်းတင်းကြပ်ကြပ် ပိတ်ထား၏။
အမှောင်ထဲတွင်၊ ခုတင်ဘေးမှ စားပွဲပေါ်ရှိ ဖုန်းအလင်းရောင်မှာ လင်းလာပြီး နောက်တစ်စက္ကန့်မှာပင် alarmသံမြည်လာသည်။
ရှီယွင်နန်တစ်ယောက် ထုံးစံအတိုင်း အိပ်ချင်မူးတူးနိုးလာ၏။ နိုးလာပြီးနောက် စမ်းတဝါးဝါးလုပ်နေသည့် အချိန်မှာပဲ လော့လင်းရှန်းဖက်တာကို ခံလိုက်ရလေသည်။
လော့လင်းရှန်း စားပွဲပေါ်က ဖုန်းကို ကောက်ကိုင်ကာ ပိတ်လိုက်၏။ ထို့နောက် အချိန်ကို ကြည့်လိုက်သည့်အခါ ခြောက်နာရီထိုးနေလေပြီ။
"ဟင်းး..."
အိပ်ချင်မူးတူး နိုးလာသည့် ရှီယွင်နန်တစ်ယောက် ညည်းညူလိုက်ပြီးနောက် လော့လင်းရှန်းရင်ခွင်ထဲတွင် ကျုံ့ကျုံ့လေးကွေးနေလိုက်သည်။ "ကျွန်တော် ထရတော့မှာပဲ။"
လော့လင်းရှန်းမှာ Alarm များတန်းစီကာ ပေးထားသည့် ဖုန်းကို ကြည့်ရင်း မေးလိုက်မိသည်။ "ဘာလို့ အစောကြီး နိုးနေတာလဲ?"
"ပြန်လည်သုံးသပ်စာတွေ(review)၊ သင်ခန်းစာတွေ အများကြီး လုပ်ရဦးမယ်။"
"လော့လင်းရှန်း.. ကျွန်တော် အရမ်းအိပ်ချင်တာပဲ။" ရှီယွင်နန်မှာ သူ့ချစ်သူရင်ခွင်ထဲတွင် ခေါင်းလေးကို တိုးဝင်ထားလျက် ပွတ်သီးပွတ်သပ်လုပ်နေ၏။
"စနေနေ့ဆိုတော့ နည်းနည်းကြာကြာ ထပ်အိပ်လိုက်လေ။" လော့လင်းရှန်း တန်းစီပေးထားသည့် alarmများကို ပိတ်လိုက်ပြီး ရှီယွင်နန် နားလေးအနား ကပ်ပြောလိုက်သည်။ "ခုနစ်နာရီခွဲကျရင် ကိုယ်နှိုးပေးမယ်။"
ကျောင်းတွင် စောစောထရတာနဲ့တင် ပင်ပန်းနေလေပြီ။ နားရက်တွင် အိပ်ရေးမဝပါက ရေရှည်တွင် ခန္ဓာကိုယ်ထိခိုက်လာမှာ မလွဲဧကန်ပင်။
ရှီယွင်နန် အနည်းငယ် ရုန်းလိုက်ပြီးနောက်၊ နောက်ဆုံးတော့ လက်လျှော့လိုက်တော့သည်။
"အင်း ဒါဆိုလည်း ကျွန်တော့်ကို နှိုးရမယ်နော်။"
"ဟုတ်ပါပြီ၊ ကိုယ်နှိုးပေးမယ်။ အေးအေးဆေးဆေးအိပ်။"

YOU ARE READING
ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီးနောက်
RomanceEnglish Title- After a Flash Marriage With the Disabled Tyrant Author- 惗肆 English Translator- [Hua]rricane Status in COO- 94 chapters &17 extras All credit to original author and English translator.