Extra-7 (အကယ်၍)

8.9K 1.2K 38
                                    

Unicode


မူရင်းစာရေးသူမှာ ပြောစရာရှိပါတယ်! ရှေ့ဆုံးတန်းရှိ ပရိသတ်များအတွက် အကြံပြုချက်များ—

(1) ဒီအပိုင်းဟာ လော့လင်းရှန်းနဲ့ ရှီယွင်နန်ရဲ့ "အကယ်၍"ဆိုတဲ့ side story ပဲဖြစ်ပါတယ်။ [အသက်၁၈နှစ်အရွယ် ရှီယွင်နန်ဟာ ဒေါသတကြီး တရုတ်ပြည်က မထွက်သွားခဲ့သလို၊ လော့လင်းရှန်းလည်း မိသားစုအာဏာလုပွဲမှာ မတော်တဆမှုမဖြစ်ခဲ့ပါဘူး။ ဒါဟာ အပို extraရဲ့ အခြေခံသဘောတရားတွေပါ!]

(2) ဒီအခန်းကို ဘယ်ကနေစထားလဲဆိုတော့ အပိုင်း ၆၂၊ မွေးနေ့ပွဲနောက်ပိုင်းကနေ စထားတာဖြစ်ပြီး main story နဲ့ လုံးဝမသက်ဆိုင်ပါ။ အဲ့ဒါကြောင့် ကျေးဇူးပြုပြီး ခွဲခြားသိမြင်ပေးကြပါ။  (လုံးဝကို ချိုလွန်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ!)

(3) အဓိကအားဖြင့်တော့ ဇာတ်ကောင်တွေရဲ့ စရိုက်က လုံးဝပြောင်းလဲသွားမည်မဟုတ်ပါ။ ဒါပေမယ့် ဒီဇာတ်လမ်းမှာ ပါဝင်တဲ့ ဇာတ်ကောင်တွေဟာ အခက်အခဲတွေအများကြီး သိပ်မကြုံရသေးတာကြောင့် သူတို့အသက်အရွယ်နဲ စရိုက်ကတော့ ဇာတ်လမ်းအစမှာ ပိုတက်ကြွနေကြပါလိမ့်မယ်!



အင်ပါယာမြို့တော်ကြီး၏ ဗဟိုဆေးရုံတွင်—

ရှီယွင်နန်တစ်ယောက် အရေးပေါ်အခန်းရှေ့တွင် တောင့်တောင့်ကြီး ရပ်နေ၏။ သူ့မျက်လုံးများမှာ နာကျင်စပ်ဖျဉ်းပြီး မျက်ရည်ဝဲနေသော်လည်း အရေးပေါ်ကယ်ဆယ်ခံနေရသည့် လူကိုသာ စိုက်ကြည့်နေသည်။

သိပ်မကြာခင်မှာပဲ သူ့အနောက်မှ ငြင်းခုံသံများကြောင့် သူအသိစိတ်ပြန်ဝင်လာသည်။

"မနေ့ကမှ ကျွန်မ သူတို့အတွက် မွေးနေ့ပါတီလုပ်ပေးခဲ့တာကို အရွယ်ရောက်တာနဲ့ လုပ်ချင်တာလုပ်လို့ရပြီ ထင်နေကြတာလား? ဘယ်လိုတောင် မူးနေတုန်း တဇောက်ကန်းလုပ်ရတာလဲ? သတ္တိ​ရှိလွန်းလို့ အဖေ့ကိုတောင် အရေးပေါ်အခန်းထဲရောက်အောင်လုပ်တာပေါ့!"

"ဒီတစ်ခေါက် အဖေသာ တစ်ခုခုဖြစ်သွားကြည့် ရှင်သူ့ကို ဆက်ကာကွယ်ပေးနေအုံးမလားဆိုတာ ကြည့်ကြည့်အုံးမယ်!"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now