30.1

16.3K 2.6K 76
                                    

Unicode



ပိုသက်သာအောင် လောင်ကုန်း နမ်းတာ လိုချင်တယ်?

လော့လင်းရှန်းမှာ သူ့လက်ထဲက ဂွမ်းစကို တိတ်တဆိတ် ညှစ်မိသွားသည်။

သူသည် ရှီယွင်နန်ရဲ့  အပြုံးမျက်လုံးများနှင့် အနည်းငယ် နီးကပ်သွားအောင် အနားတိုးလိုက်ပြီး အခြေအနေကို ပြောင်းပြန်လှန်လိုက်လေသည်။

"ဒုတိယသခင်လေးရှီ ၊ ဒါက တကယ် နာတာသက် သာမှာ သေချာလား?"

လော့လင်းရှန်းအနားတိုးကပ်လာသည့်ပုံသည် တိတ်ဆိတ်ငြိမ်သက်နေရင်းကနေ အမြန်ကျူးကျော်ဝင်ရောက်လာပြီး သားကောင်ကို ဝိုင်းထားသလိုပင်။

ရှီယွင်နန်မှာ တစ်ဖက်လူရဲ့ မျက်မှန်ပေါ်တွင် ရှင်းရှင်းလင်းလင်း ထင်ဟပ်နေသည့် သူ့မျက်နှာကို မြင်လိုက်ပြီး သူ့နှလုံးသားများ ချက်ချင်းတင်းကျပ်သွားတော့သည်။ သူ့စကားတွေဟာ စပြီးပြောနေတာလား ဒါမှမဟုတ် ထပ်ပြီးတောင်းဆိုနေတာလားဆိုတာ သေချာ မပြောနိုင်ပေ။

အရင်တုန်းကဆို ရှီယွင်နန် ဒီလိုစနောက် နေကြဖြစ်ပြီး လော့လင်းရှန်းက သူ့စကားတွေကို ဘယ်တော့မှ အတည်မယူခဲ့။

ဒါပေမယ့် အခုတော့ မတူတော့ဘူးလေ။ ရှီယွင်နန်က  လော့လင်းရှန်းကို နည်းနည်းကြိုက်နေမိပြီဆိုတာ သူ့ကိုယ်သူသိနေပြီလေ။

ရလဒ်အနေနဲ့ လှုံ့ဆော်လိုက်တိုင်းက နယ်နိမိတ်မျဉ်းလေးကို စမ်းသပ်နေသလိုဖြစ်လာပြီး တစ်ဖက်လူရဲ့ တုံ့ပြန်မှုတိုင်းဟာ နှလုံးခုန်သံစီးချက်တိုင်းကို ဖန်တီးပေးနေသည်။

တစ်ခါတလေ အခြားကားများရဲ့  ရှေ့မီးများက အလင်းရောင်နှင့် အရိပ်တို့ကို ဖန်တီးပေးနေပြီး  တိတ်ဆိတ်ပြီး မရှင်းမရှင်း ခံစားချက်တွေဟာ  ကားထဲမှာ ပျံ့နှံ့သွားကာ သူတို့ကို လျှို့ဝှက်နေရာလေးတစ်ခုမှာ သီးသန့်ခွဲထားလိုက်သလိုပင်။

နှစ်ယောက်စလုံး၏ အသက်ရှုသံတွေဟာ ရောယှက်နေ၏။ နောက်ဆုံးတော့ ရှီယွင်နန်မှာ ပူလောင်နေတဲ့မျက်နှာဖြင့် တိုက်ပွဲကို ရှုံးနိမ့်သွားကာ သူက အနည်းငယ် နောက်ပြန်ဆုတ်လိုက်သည်။ "...နောက်တာပါ၊ ကျွန်တော်ခုထိ မစမ်းဖူးသေးဘူး။"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now