Extra- 11 (အကယ်၍)

5.2K 1K 54
                                    

Unicode


လော့လင်းရှန်းက တကယ့်ကို အားကိုးရလေသည်။ စိတ်လိုက်မာန်ပါ ဆုံးဖြတ်ချက်ချလိုက်သော်လည်း ထိုကိစ္စနဲ့ပတ်သတ်ပြီး နောင်တရသည့်အကြောင်း သူ ဘယ်တော့မှ မတွေးပေ။

လော့မိသားစု အဆက်အသွယ်အချို့နှင့် ရှီယွင်နန်၏ ထူးချွန်သော အဆင့်များကြောင့် ပညာရေး စည်းမျဉ်းအချို့ကို မချိုးဖောက်ရဘဲ အင်ပါယာမြို့တော်၏ အမှတ်(၂) အထက်တန်းကျောင်းသို့ အလွယ်တကူ ဝင်ခွင့်ရသွား၏။

တရုတ်နိုင်ငံတွင် စာဆက်သင်နိုင်ကြောင်း အတည်ပြုပြီးနောက် ရှီယွင်နန်မှာ သူ၏ ကျောင်းသုံးပစ္စည်းများ၊ အဝတ်အစားများကို သိမ်းရန် နိုင်ငံခြားသို့ တခေါက်ပြန်လိုက်ရသည်။

အသွားအပြန်မှာ လဝက်နီးပါးလောက်ကြာသွား၏။

ရှီယွင်နန် လေယာဉ်ပေါ်မှ ဆင်းသည်နှင့် ဝမ်ရိပေဆီက ဖုန်းဝင်လာသည်။

"ဟယ်လို ကော"

"ရှီယွင်နန် မင်းငါ့ကို တစ်ခုခု ဖုံးထားသေးလား?"

ဝမ်ရိပေက မကြုံစဖူး ဒေါသထွက်နေသည့် လေသံဖြင့် သူ့နာမည်အပြည့်အစုံကို ခေါ်ကာ တည့်တိုးမေးလာတာကြောင့် ရှီယွင်နန်တစ်ယောက် နှလုံးရပ်မတတ်အလွန် လန့်ဖျတ်သွားကာ ချိုသာသည့်လေသံလေးဖြင့် အချိုသတ်လိုက်သည်။ "ကော အဲ့လိုမရှိပါဘူး။ ကျွန်တော်က ဘာကို ဖုံးထားနိုင်မှာလဲ?"

"လာမလိမ်နဲ့! ရှီယွင်နန် ဘာလို့ အမှတ်(၂) အထက်တန်းကျောင်းက မင်းရဲ့ကျောင်းမှတ်တမ်းတွေကို လက်ခံထားတာလဲ?"

"..."

ဒီလို သတင်းပေါက်ကြားသွားမယ်မှန်း မထင်ထားတာကြောင့် ရှီယွင်နန်မှာ ခဏတာ မှင်သက်သွားတော့၏။

သူက ခရီးဆောင်အိတ်များကို စစ်ဆေးပြီးနောက် လေဆိပ်ထွက်ပေါက်သို့ လျှောက်လာရင်း ပြန်ပြောလိုက်သည်။ "ကော ဘယ်လိုသိသွားတာလဲ? တကယ်တော့ ကျွန်....ကျွန်တော် ကျောင်းကိုပဲ ဒီပြောင်းလိုက်တာပါ။ ကျောင်းထွက်တာ မဟုတ်ပါဘူး။"

"မင်းသာ နိုင်ငံခြားမှာ စာကောင်းကောင်းသင်ရင် မင်းရဲ့အမှတ်နဲ့ဆို တက္ကသိုလ်ကောင်းကောင်းတက်ရမှာ၊ မင်း ..." ဝမ်ရိပေမှာ နားမလည်နိုင်တော့။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now