89.1

11.4K 1.9K 15
                                    

Unicode

ရုတ်တရက် လော့လင်းရှန်း၏ အသက်ရှူသံမှာ ကမောက်ကမ ဖြစ်ကုန်၏။ သို့သော်လည်း ကားမောင်းနေရင်းနဲ့တော့ သူအလုံးစုံမလုပ်နိုင်သေးပေ။ "အသံအရမ်း မကျယ်နဲ့၊ ခဏနေကြရင် ကြိုက်သလောက် ညည်းလို့ရတယ်"

သူပြောနေရင်း သူ့လက်ချောင်းလေးများက ရှီယွင်နန်၏ နားသံသီးလေးကို ထိတွေ့နေ၏။

ရှီယွင်နန် ပြုံးမိသွားပြီး၊ သူဟာ လော့လင်းရှန်း ပုခုံးကိုမှီထားရင်း မျက်လုံးထဲမှာတော့ အားကိုးခြင်းများဖြင့် ပြည့်နှက်နေလျက်။ "ကျွန်တော် ခဏအိပ်လိုက်အုံးမယ်၊ အိမ်ရောက်ရင်ပြောနော်"

"ကောင်းပြီ"

ရှေ့ခုံမှာ ထိုင်နေသည့် ယွမ်မုန်ကတော့ ကားကို ငြိမ့်ငြိမ့်လေး မောင်းနေ၏။ ပြတင်းပေါက်အပြင်ဘက်တွင် လမ်းမီးများ စည်းချက်ညီညီ မှိတ်တုတ်မှိတ်တုတ် လင်းနေပြီး သူ့နှာခေါင်းဖျားမှာတော့ လော့လင်းရှန်း၏ ရနံ့လေးက သင်းပျံ့နေသည်။

ရှီယွင်နန် မျက်လုံးမှိတ်ထားလိုက်ပြီးနောက် ခဏ အိပ်ပျော်သွားတော့လေသည်။

အမှောင်ရိပ်ကျလာပြီး ညအချိန်ရောက်လာလေပြီ။

ရှီယွင်နန် ငိုက်မျဉ်းနေစဉ်မှာပဲ သူ့မျက်လုံးနဲ့ မျက်တောင်လေးတွေကို တစ်ယောက်ယောက် နမ်းနေသလို ခံစားလိုက်ရ၏။

နွေးထွေးသော အစိုဓာတ်လေးဟာ ချစ်ခြင်းများဖြင့် ရောထွေးနေသည်။ အနမ်းဟာ မျက်လုံးကနေ တစ်လက်မချင်း ရွေ့လျားလို့လာပြီး သူ့နှုတ်ခမ်းပေါ် ကျဆင်းလို့လာသည်။

ခဏတာ အမူးပြေသွားပြီးနောက် သူသွားလေးကို ဖွင့်ဟရန် အလိုအလျောက် ညည်းညူမိလိုက်၏။

"...အမ်..."

အခိုအလျောက်နိုးကြားသွားတဲ့စိတ်ဟာ သုံးစက္ကန့်လေးသာခံလိုက်ပြီး လုံးဝပျောက်ကွယ်သွားတော့သည်။

ရှီယွင်နန်က မျက်လုံးလေးကိုဖွင့်ကာ လော့လင်းရှန်းလည်ပင်းကို သိုင်းဖက်လိုက်ပြီး သူ့ခေါင်းကို မသိမသာ စောင်းကာ- "မစ္စတာလော့ ခင်ဗျားက ကျွန်တော် အိပ်နေတုန်း ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာလား?"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now