Extra-8 (အကယ်၍)

6.7K 1.2K 24
                                    

Unicode

နာနာခံခံပြောလာသည့် ကြောင်အော်သံလို အသံလေးကို ကြားသည့်အခါ လော့လင်းရှန်းတစ်ယောက်  ရယ်လုနီးပါးပင်။

နောက်တစ်စက္ကန့်မှာပင် ရှီယွင်နန်က သူ့လက်ကောက်ဝတ်အား ဆုပ်ကိုင်ကာ မေးလိုက်၏။

"ကျွန်တော်တို့... ဘယ်သွားကြမလို့လဲ?"

လော့လင်းရှန်းက ရှိုးဆက်ကြည့်နေသည့် ယွီရှော့အား စကားတစ်ခွန်းမျှ မပြောဘဲ အရက်မူးနေသည့် ရှီယွင်နန်ကို ဘားမှ ခေါ်ထုတ်လာလိုက်သည်။

ကျယ်ကျယ်လောင်လောင် ဆူညံနေခဲ့သည့် ဒီဂျေသံတွေမှာ ပျောက်ပျယ်သွား၏။ ညအချိန်တွင် တိုက်ခတ်လာသည့် လေညှင်းကြောင့် ရှီယွင်နန် တုန်ယင်သွားလေသည်။

သူတုန်ယင်နေတာကိုတွေ့တော့ လော့လင်းရှန်း မေးလိုက်သည်။ "မင်း အေးနေတာလား? ငါဘယ်သူလဲ မှတ်မိလား?"

ရှီယွင်နန်က ခေါင်းခါပြ၏။ ထို့နောက်သူက ခေါင်းညိတ်လာပြန်သည်။ သူ့ပုံစံလေးမှာ မနေ့က မွေးနေ့ပွဲတွင် အရက်မူးနေခဲ့သည့် ပုံစံလေးနဲ့ တစ်ပုံစံတည်းပင်။

ရှီယွင်နန်တစ်ယောက် သူရှေ့ကလူ၏ မျက်နှာကို ထပ်ခါထပ်ခါစိုက်ကြည့်နေမိပြီး စပ်စုချင်သည့် စိတ်လေးကို မချုပ်တည်းထားနိုင်တော့။ "ခင်ဗျားက ဘယ်သူလဲ?"

သူတို့ နှစ်ယောက်ကြားတွင် အရပ်အမောင်းက သိသိသာသာ ကွာဟလှသည်။ ပိုနီးကပ်သွားရန် ရှီယွင်နန် ခြေဖျားထောက်ကာ စိတ်လှုပ်တရှားမေးလိုက်သည်။ "ဟေး ကျွန်တော်မေးပါရစေ၊ ခင်ဗျားက ဘယ်သူလဲ?"

"..."

-လော့လင်းရှန်း ကျွန်တော် ခင်ဗျားကို ဘယ်တော့မှ မမေ့ဘူး။ ပြန်ဆုံကြမယ်။

မနေ့က နှုတ်ဆက်ကတိမှာ သူ့နားထဲ ပဲ့တင်ကြားယောင်နေသေးသော်လည်း၊ ထိုလူကတော့ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူ့နာမည်ကို ထပ်မေးလာပြန်၏။

ရှီယွင်နန်၏ ပါးနှစ်ဖက်မှာ အရက်ကြောင့် နီမြန်းနေပြီး၊ သူ၏ မျက်ရည်ဝဲနေသည့် မျက်လုံးလေးတွေကြောင့် သနားစရာကောင်းသလို ချစ်ဖို့လည်း ကောင်နေသည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now