77.2

12.3K 2.1K 217
                                    

Unicode

ရှီယွင်နန်နှင့် ယွမ်ရွေ့မှာ ကျင်းမြို့တော်တွင် တစ်ပတ်လောက်နေပြီး နဂိုအစီအစဉ်အတိုင်း ဖုမြို့တော်သို့ ခရီးဆက်လာလိုက်ကြသည်။

ယွမ်ရွေ့တစ်ယောက် သူ့ခရီးဆောင်အိတ်လေးကိုချကာ ပျင်းရိပျင်းတွဲ ကိုယ်ဆန့်လိုက်၏။ သူ့လေသံလေးမှာ စိတ်အေးလက်အေးဖြစ်နေသည်။ "ပင်လယ်ကမ်းခြေ မြို့လို့မပြောရဘူး လေယာဉ်ပေါ်က ဆင်းတာနဲ့ ပင်လယ်နံ့နေလေးရနေပြီ။"

ရှီယွင်နန်ပြုံးကာ ထွက်ပေါက်ဆီသို့ လျှောက်သွားလိုက်သည်။ "မင်းမှာ ဘယ်လိုတောင် ခွေးနှာခေါင်းရှိနေရတာလဲ?"

"ဟေ့ ငါပြောတာကို မယုံရင် လေထုကိုပဲကြည့်လိုက်လေ။ အင်ပါယာမြို့တော်နဲ့ လုံးဝတူကိုမတူတာ..."

ယွမ်ရွေ့ကလည်း သူ့နောက်ကနေ လိုက်လာသည်။  ထို့နောက် နှစ်ယောက်စလုံး လေဆိပ်ဝင်ပေါက်ကနေ အော်သံလေးကို ကြားလိုက်ရ၏။

"ရှောင်ရှုရှု!"

ရှီယွင်နန်မှာတော့ သူများ ထင်ယောင်ထင်မှားတွေ ဖြစ်နေလားလို့ တွေးမိသွားသည်။

သူ အသံလာရာ လှည့်ကြည့်လိုက်သောအခါ၊ ဝင်ပေါက်နှင့် ဆယ်မီတာလောက်ဝေးသည့်နေရာတွင် အကြီးလေးနှင့် အသေးလေးကို တွေ့လိုက်ရသည်။

လော့လင်းရှန်းက ဝှီးချဲလ်ပေါ်တွင် ငြိမ်ငြိမ်သက်သက်ထိုင်နေချိန်၊ ဦးထုပ်သေးသေးလေးဆောင်းထားသည့် ရွှေငါးလေးက ဘေးတွင် ခုန်ပေါက်နေ၏။

ရှီယွင်နန်က သူတို့ကိုမြင်သွားတော့ ရွှေငါးလေးက ကမန်းကတန်း လက်ဝှေ့ယမ်းပြလာသည်။

"ရှောင်ရှုရှု!  ဒီမှာ၊ ဒီမှာ!"

ယွမ်ရွေ့ ကြောင်တောင်တောင်လေးဖြစ်သွားတော့သည်။  "အဲ့ဒါမစ္စတာလော့မလား? ယွင်နန်..."

ရှီယွင်နန်မှာ သူ့သူငယ်ချင်း ဘာပြောမှန်းတောာင် မကြားတော့။ သူဟာ ခရီးဆောင်အိတ်ကို ပစ်ချလိုက်ပြီး ချက်ချင်း ပြေးသွားတော့သည်။

ရွှေငါးလေးကလည်း အမြန်ပြေးလာကာ ပွေ့ဖက်ပေးရန် လက်လေးနှစ်ဖက်ဆန့်တန်းထား၏။ သို့သော် ရှီယွင်နန်က သူ့အားဘာစကားမှမပြောဘဲ ဘေးနားက ဖြတ်ပြေးသွားပြီး လော့လင်းရှန်းဆီတည့်တည့်ပြေးသွားတော့သည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now