Extra-2 (ခေါင်းဆောင်လော့၏ တစ်ဖက်သတ်အချစ်)

7.9K 1.2K 24
                                    

Unicode



လော့လင်းရှန်း အင်ပါယာမြို့တော်၏ ရှန်းယ မီးဖွားစင်တာသို့ ရောက်သည့်အခါ လော့ယွီတစ်ယောက် နေ့လည်စာ စားပြီးသွားလေပြီ။

မောင်နှမ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။

ထို့နောက် လော့ယွီက ချိုချိုသာသာ ပြုံးကာ—

"အလုပ်များနေတာ မဟုတ်ဘူးလား? ရောက်လာပြီပေါ့။ အလုပ်ကိစ္စတွေ ပြီးသွားပြီလား?"

"ကျဲ"

လော့လင်းရှန်းက အထဲဝင်လာပြီး အခန်းတစ်ဝိုက်ကို မျက်နှာထားတည်တည်ဖြင့် လှည့်ပတ်ကြည့်နေသည်။

မောင်နှမတွေဖြစ်တာကြောင့် သူဘာကိုတွေးနေမှန်း လော့ယွီချက်ချင်းပင် သဘောပေါက်သွားသည်။ "မင်းတူလေးကို သူနာပြုကရေချိုးပေးဖို့ ခေါ်သွားတယ်။ ဒီမှာ ခဏ ထိုင်စောင့်နေ။ ခဏနေရင် တွေ့ရမှာပါ။"

"ကောင်းပြီလေ။" လော့လင်းရှန်း မျက်ဝန်းထဲတွင် မသိမသာ မျှော်လင့်စောင့်စားနေသော အရိပ်အယောင်များပြည့်နှက်နေသည်။

လော့ယွီ နှင့် သူမခင်ပွန်းမှာ ငါးနှစ်ကြာ ချစ်ကြိုက်ခဲ့၏။ လက်ထပ်ပြီး နှစ်နှစ်ကြာသည့် အခါမှာတော့ အသီးအပွင့်လေးကို ခံစားနိုင်ခဲ့ကြသည်။ ချောချောမွေ့မွေ့မီးဖွားပြီးသည်မှာ လဝက်တောင်ပြည့်ခါနီးနေပြီဖြစ်သော်လည်း၊ ကုမ္ပဏီအားတိုးချဲ့ရန် အလုပ်များနေသော လော့လင်းရှန်းမှာ နောက်ဆုံးတော့ အလောတကြီး ရောက်လာခဲ့လေသည်။

"ယောက်ဖကော?"

"သူ အလုပ်ကိစ္စရှိလို့ မနက်က စောစောထသွားတယ်။ တစ်နာရီလောက်မှ ပြန်လာမှာ"

လော့ယွီက မတွေ့တာကြာပြီဖြစ်သည့် မောင်လေးကို ကြည့်ကာမေးလိုက်သည်။ "မားပြောတယ်၊ ကုမ္ပဏီကို ထပ်တိုးချဲ့လိုက်ပြီဆို? သုံးနှစ်အတွင်း ရုံးခွဲသုံးခုတောင်တိုးချဲ့ထားတာ မပင်ပန်းဘူးလား?"

"မပင်ပန်းပါဘူး။"

လော့လင်းရှန်းက သူ့ဘက်သူမယက်ဘဲ အေးဆေးပြန်ဖြေလာသည်။ "ယွီရှော့နဲ့ တခြားလုပ်ဖော်ကိုင်ဖက်နှစ်ယောက်လည်း အများကြီး ကူပေးပါတယ်။ ပြီးတော့ ချဲ့ထွင်ဖို့အတွက် စျေးကွက်မှာသုံးတဲ့ လုပ်ငန်းစဉ်တွေအားလုံးကလည်း အရင်တုန်းကလုပ်ဖူးတဲ့ ဟာတွေပါပဲ။"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now