28.1

16.7K 2.5K 11
                                    

Unicode

တစ်ပတ်အကြာ၊ ကျောင်းလုံ ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွင်

အဖွဲ့ဝင်လေးယောက် စုပြီး စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြ၏။-

"လုံရဲ့ ထုတ်ကုန်သစ်တွေက ဒီရာသီမှာ လုံးဝပေါက်တော့မှာ၊ ရောင်းအားကလည်း အရမ်းကောင်းနေပြီမလား?"

"အပြင်ဒီဇိုင်းအသစ်က အရမ်းမိုက်တာပဲ။ ငါက ဝန်ထမ်းမို့လို့  လက်ဆောင်ရထားတာတောင် တခြားနှုတ်ခမ်းနီဘူးတွေအားလုံးကို လိုက်ဝယ်မိနေတုန်းပဲ။ ဒါကို ဘယ်သူက ငြင်းနိုင်မှာလဲလို့!! ဒီဇိုင်နာရှီက ယောကျ်ားလေးတစ်ယောက်ဖြစ်ပြီး ဘယ်လိုလုပ် လဲလို့ရတဲ့ ဘူးအဖုံးဒီဇိုင်း ဖန်တီးနိုင်တာပါလိမ့်?"

"ဒီဇိုင်နာရှီက ငယ်တယ်၊ အရှိန်အဝါလည်းကြီးတယ်။ ရုပ်လည်းချောတယ်။ ဒါမယ့် အဲ့နာမည်ကြီးတဲ့ မြက်ပင်လေးမှာ ပိုင်ရှင်ရှိနေတာတော့ နှမြောစရာပဲ။"

"လုပ်ပြန်ပြီ၊  Analysis ဌာနကလည်း တန်ဖိုးဖြတ် တာမှာ အမှားတွေ ပါနေတုန်းပဲ။  လုံကုမ္ပဏီရဲ့ ဒီ သုံးပတ်မြောက်အတွင်း စွမ်းဆောင်မှုက  2% ထက် ပိုတိုးလာရမယ် မလား?"

ပြီးခဲ့တဲ့  တစ်ပတ်ခန့်က ကျောင်းမိသားစုရဲ့ မိန်ကျီကူရှင်ရဲ့  'ပုပ်ပွတဲ့ မျက်နှာ' ဆိုတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး လူတွေရဲ့ ထင်မြင်ယူဆချက်ဟာ ပိုဟော့ဖြစ်လာခဲ့ကာ မရေမတွက်နိုင်တဲ့ ကာစတမ်မာများကလည်း ကန့်ကွက်ဆန္ဒပြတာတွေဖြစ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ ပြည်တွင်းအလှကုန်ဘရန်းအသေးစားလေးဖြစ်တဲ့ လုံကုမ္ပဏီက ရှေ့ထွက်လာကာ  ကျောင်းထုတ်ကုန်အသစ်များရဲ့ အပြင်ဒီဇိုင်းသည် ခိုးထားတာဖြစ်ကြောင်း တိုက်ရိုက်ထောက်ပြလာပြီး  အထောက်အထားများနှင့်တကွ မူပိုင်ခွင့်လက်မှတ် တို့ကိုပါ ထုတ်ပြလာခဲ့သည်။

ပုတ်ပွတဲ့မျက်နှာဆိုတဲ့  ကျောင်းထုတ်ကုန်တွေက  'ပြည်တွင်းဘရန်း' ပုံစံနဲ့  မြင့်မြင့်မားမားရပ်တည်နေခဲ့တာလေ။ တကယ်တော့ သူတို့ထုတ်ကုန်ရဲ့ အပြင်ဒီဇိုင်းက ခိုးထားတာတဲ့လား?

သောက်ကျိုးနည်း!

ဝယ်သူများရဲ့ ဒေါသတွေဟာ ချက်ချင်းပဲ တောက် လောင်သွားကြသည်။ သူတို့က စက်မှုနဲ့  စီးပွါးရေး ကြီးကြပ်ရေးဌာနသို့ တိုင်ကြားစာတွေ ပိုပို တင်လာကြတော့သည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now