53.1

13.4K 2.5K 163
                                    

Unicode

ဝန်ထမ်းများတွန်းလာသည့် မှန်ဘောင်ထဲတွင် သမုဒ္ဒရာလိုနက်ရှိုင်းကာ၊ ထူထပ်သည့်သစ်တောကဲ့သို့လျှို့ဝှက်ဆန်းကြယ်သည့် လည်ဆွဲအား တွေ့လိုက်ရ၏။

၎င်းကို အနက်ရောင် သိုးမွှေးအဝတ်စပေါ်တွင် သေသေသပ်သပ် ခင်းကျင်းထားပြီး အလင်းရောင်မှိန်ဖျဖျအောက်တွင် အရောင်တောက်နေတာကြောင့်၊ လူများမှာ အကြည့်မလွှဲနိုင်ကြပေ။

တင်ဆက်သူက လည်ဆွဲကို စတင်မိတ်ဆက်ပေးလာသည်။ "လူကြီးမင်းတို့၊ ဒါက 'ယွီနန်' စတူဒီယိုကနေ ဒီဇိုင်းဆွဲဖန်တီးထားတဲ့ ပွဲရဲ့ နောက်ဆုံးပိတ် ဒီဇိုင်းပါ။"

လင်းယွီရဲ့ တောက်ပြောင်နေသည့် ပန်းပွင့်ရင်ထိုးကဲ့သို့ပင်၊ ၎င်းမှာ ရတနာကျောက်များစွာဖြင့် ဖန်တီးထားသော လည်ဆွဲဖြစ်လေသည်။

ကြိုးကို ပလက်တီနမ်ဖြင့်ပြုလုပ်ထားပြီး၊ အချင်းတစ် စင်တီမီတာလောက်ရှိသည့် အဝိုင်းမှာ ၁၈ဝိုင်းဖြင့် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားသည်။

ထိုစက်ဝိုင်းများအလယ်တွင် သစ်တော်သီးပုံသဏ္ဍာန်ရှိသည့် အပြာရောင်တောက်တောက်စိန်တစ်လုံးကရှိနေသည်။

အပြာရောင်စိန်များကို "စိန်အမျိုးစားထဲမှာမှ အကြီးမြတ်ဆုံး အံ့ဖွယ်ရာ" အဖြစ်လက်ဝတ်ရတနာလုပ်ငန်းများတွင် သတ်မှတ်ထား၏။ အများအားဖြင့်၊ ၎င်းကို လေလံတင်တာမျိုး၊ သို့မဟုတ် အမြင့်ဆုံးစျေးနဲ့ရောင်းချနိုင်သည်။ နာမည်အကြီးဆုံး၊အကျော်ကြားဆုံး အပြာရောင်စိန်လည်ဆွဲတွေထဲက တစ်ခုမှာ "သမုဒ္ဒရာနှလုံးသား" ဆိုသည့် လည်ဆွဲပင်။

အလယ်တွင် အပြာရောင်စိန်များပါရှိပြီး အလွန်သေးငယ်သည့် သဘာဝပုလဲဖြူများက ဝန်းရံထားသည်။

အဖြူရောင်မီးနှင့် အပြာရောင်စိန်ရဲ့ တောက်ပနေမှုမှာ အံ့ဩဖို့ကောင်းစွာ ပေါင်းစပ်ထားသည်။ မီးလုံးများ၏အောက်တွင် ၎င်းမှာ လှိုင်းလုံးတွေ၊ ရောင်ခြည်တွေနှင့်စီးဆင်းနေသည့် သမုဒ္ဒရာလိုပင်။

သို့သော် ဒါက ဘေးက အကာအရံ အထောက်အပံ့လေးသာဖြစ်သေး၏။ ထိုလည်ဆွဲရဲ့ တကယ့် အလယ်ဗဟိုတွင် အချင်းငါးစင်တီမီတာလောက်ရှိသည့် မြကျောက်စိမ်းတုံးကြီးရှိနေသေးသည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now