46.2

15K 2.6K 100
                                    

Unicode


ရှီယွင်နန်သည် ပထမဆုံး ဒီဇိုင်းမူကြမ်းကို ပေးပို့ပြီးနောက် လု​ကျောက်အန်းရဲ့နောက်ဆက်တွဲ အကြံပြုချက်အပေါ် အခြေခံ၍ အနည်းငယ် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ နောက်ဆုံးတော့ သူ က ကျောက်စိမ်းဒီဇိုင်းရဲ့နောက်ဆုံးဗားရှင်းကို တစ်ပတ်အကြာတွင် အပြီးသတ်နိုင်ခဲ့လေသည်။

"အလုပ်ကိစ္စတစ်ခုကြောင့်​ မင်းရဲ့ခန္ဓာကိုယ်​ မထိခိုက်စေနဲ့။"

လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း သူတစ်ညလုံးအလုပ်လုပ်နေတာကိုမြင်ရသည့် လော့လင်းရှန်းမှာ စိတ်မချမ်းမသာဖြစ်ရ​သော်လည်း ​​ထိုသူ့ကိုမတားနိုင်ခဲ့ပေ။

အရွယ်ရောက်တဲ့လူ​တွေ ချစ်တဲ့အခါ၊ တစ်ယောက်ကို တစ်ယောက် အလုပ်အတွက် လုံလောက်တဲ့နေရာတစ်နေရာ ပေးထားသင့်တယ်လေ။

လော့လင်းရှန်း ဘယ်​လောက်ပင်ချမ်းသာသည်ဖြစ်ပါစေ၊ သူက ရှီယွင်နန်ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကို ဆက်မလုပ်ရန် မတားချင်ပေ။ သေချာပေါက်၊ သူနဲ့ လော့မိသားစုက ရှီယွင်နန်ရဲ့ ဘေးကင်းရာနေရာတော့ ဖြစ်ပေးနိုင်တာပေါ့။

"အခုအချိန်မှာ ကျွန်တော်က ပူးပေါင်းထားတဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဆိုပေမယ့်၊ နောက်ပိုင်းကျရင် ကျွန်တော်ရဲ့ အထောက်အထားက ပြောင်းလဲသွားနိုင်တယ်။" ရှီယွင်နန် ပြန်ဖြေလာတော့

လော့လင်းရှန်း နားမလည်ဖြစ်သွားသည်။

ရှီယွင်နန်က ကုလားထိုင်ကို မှီပြီး သူ့ရည်ရွယ်ချက်ကို ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။ "ဒီပထမဆုံး ကျောက်စိမ်းဒီဇိုင်းကို ကျွန်​တော်အရမ်းကြိုးစားရတဲ့အကြောင်းရင်းက ယွမ်ကုမ္ပဏီ၊ ယွမ်ဖုကွမ်၊အခြားသူ​တွေနဲ့ ညှိနှိုင်းတဲ့အချိန် ရေတိမ်ဖြတ်ကူးဖို့စီတန်းထားတဲ့ကျောက်တုံးတစ်ခုအနေနဲ့ သုံးချင်လို့ပါ။ "

《"ရေတိမ်ဖြတ်ကူးရန်စီတန်းထားတဲ့​ကျောက်တုံး" ဆိုတာ "အောင်မြင်မှုရည်မှန်းချက်ပန်းတိုင်ကို​​လျှောက်လှမ်းရာတွင်အသုံးပြု​သော လှေကားထစ်"》

လော့လင်းရှန်က ချက်ချင်းနားလည်သွားသည်။ "မင်းက ရင်းနှီးမြုပ်နှံသူဖြစ်နေချင်တာလား?"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now