81.2

12K 2.1K 164
                                    

Unicode

သုံးရက်အကြာမှာတော့ လော့လင်းရှန်းတစ်ယောက် ပြန်နလန်ထလေ့ကျင်ရေး၏ ဒုတိယအကြိမ်သင်တန်း ဆက်တက်ရန် နိုင်ငံခြားသို့ ပြန်ထွက်ခွါသွားတော့သည်။

ရှီယွင်နန်မှာတော့ အရင်တခေါက် ခွဲခွါရခြင်းထက်စာရင် အခုတခေါက် ခွဲခွါရမှာကို အင်တင်တင်ဖြစ်နေမိ၏။ သို့သော် သူပိုမျှော်လင့်နေမိသည်။

လော့လင်းရှန်းရဲ့ လက်ရှိခြေထောက်အခြေအနေအရဆို၊ သူက ဝှီးချဲလ်ကိုအားကိုးနေရတာကနေ လုံးလုံးလျားလျားခွဲထွက်နိုင်ပြီး သူ့ရှေ့မှာ တဖန် မတ်တပ်ရပ်လာနိုင်လောက်သည်။

ယွီနန် စတူဒီယိုတွင်—

ရှီယွင်နန်တစ်ယောက် လော့လင်းရှန်း ဘေးကင်းကင်းရောက်ရှိသွားကြောင်း WeChatကနေ တဆင့် အတည်ပြုပြီးနောက် ဖုန်းချကာ ဒီဇိုင်းအလုပ်ကို ဆက်လုပ်နေလိုက်သည်။

ယွမ်ရွေ့ကတော့ ပြန်မလာသေး။ ထို့ကြောင့် သူကသာ စတူဒီယို၏ ပါတနာအဖြစ်ကော သူဌေးတစ်ယောက်အဖြစ်ကော ကိုယ်တိုင်ကိုယ် တာဝန်ယူထားရမည်ဖြစ်သည်။

ရုတ်တရက် အခန်းအပြင်ဘက်ကနေ နှုတ်ဆက်သံတွေ ကြားလိုက်ရ၏။

"နိဟောင် ဒါရိုက်တာယွမ်"

"ဒါရိုက်တာယွမ် ပြန်လာပြီလား?"

ထိုအသံများကြားတာကြောင့် ရှီယွင်နန် မော့ကြည့်လိုက်၏။ နောက်တစ်စက္ကန့်မှာပင် ရုံးခန်းတံခါး ပွင့်လာသည်။

ယွမ်ရွေ့က အားကစားဝတ်စုံကို ဝတ်ဆင်ထား၏။ သို့သော် ထိုဝတ်စုံက သူ၏ ပိန်ပါးသွားသည့် ခန္ဓာကိုယ်လေးကို မဖုံးထားနိုင်ပေ။ သူ့ပါးဖောင်းလေးလေးတွေမှာလည်း မရှိတော့။ သူ့မျက်လုံးများမှာ နီရဲနေပြီးအားအင်မဲ့နေသည့် ပုံစံမျိုးလေး ပေါက်နေသည်။

ယွမ်ရွေ့က ရှီယွင်နန်ကို တွေ့သည့်အခါ အားမရှိသည့် ပုံစံလေးနဲ့ ပြုံးပြလာ၏။ "မင်းက ဘယ်လို သူငယ်ချင်းလဲ? ငါ့ကိုကြ ဖုမြို့တော်မှာ တစ်ယောက်တည်းထားခဲ့ပြီး သူကြအရင်ပြန်လာတယ်။"

ရှီယွင်နန် အမြန်ထလိုက်ပြီး သူ့အား ဆိုဖာသို့ ဆွဲခေါ်သွားကာ ဘေးချင်းကပ်ထိုင်လိုက်သည်။ "မင်းဘာဖြစ်လို့လဲ?"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now