28.2

17.8K 2.6K 79
                                    

Unicode

ဒီဇိုင်နာတစ်ယောက်အနေနဲ့  ဒီဇိုင်းခိုးတာကို ရှီယွင်နန် လုံးဝသည်းခံနေမည်မဟုတ်ပါ။

ဒီနေ့ သူနှင့် ချင်ကျန်းက သူလျှိုဖြစ်သည့်  ယွမ်ဟုန်ကြောင့် ကုမ္ပဏီကို ရောက်လာတာပင်။ ကုမ္ပဏီရဲ့ မြေညီထပ်သို့ ရောက်သည်နှင့် ခိုးကြောင်ခိုးဝှက်လုပ်နေတဲ့ ချင်ကျန်းကို တွေ့မယ်လို့ မထင်ထားပေ။

ထို့ကြောင့် သူတို့ လိပ်တစ်ကောင်တည်းကို ဖမ်းမိတာမဟုတ်ဘဲ အိုးထဲက လိပ်နှစ်ကောင်လုံးကို ဖမ်းမိခဲ့သည်။

ယွမ်ဟုန် နဲ့  ချန်ဟွေ့မှာ ထောင်ကျမယ်လို့ ကြားတော့ ရုတ်တရက် ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြသွားသည်။

"ငါ မလုပ်ဘူး! ယွမ်ဟုန် ငါ့ကို အကြံပေးတာ။  ငါ ကုမ္ပဏီက ထွက်ပြီးပြီ!  ဒီက ဝန်ထမ်းမဟုတ်တော့ဘူး!  ဒီကိစ္စက ငါနဲ့မဆိုင်ဘူး!"

"မစ္စတာရှီ ကျွန်တော်..."

ရှီယွင်နန်ကတော့  သူတို့ရဲ့ ရှင်းပြချက်ကို လုံးဝနားမထောင်ဘဲ လှည့်ထွက်သွားလိုက်သည်။ သေချာတာပေါ့၊  သူက သူတို့ကို လွှတ်ပေးဖို့ ဘယ်တုန်းကမှ မစဉ်းစားထားဘူး။

ချင်ကျန်း ရှေ့တိုးလာပြီး နောက်ပြန်ဆုတ်ပြီးပြေးဖို့လုပ်နေတဲ့ နှစ်ယောက်ကို တားလိုက်သည်။  "ငါတို့ ရဲခေါ်ထားပြီးပြီ။ ပြောစရာရှိရင် ရဲလာမှ အေးအေးဆေးဆေး ရှင်းပြကြ။!"

ချန်းဟွေ့နဲ့ ယွမ်ဟုန်မှာ ရှီယွင်နန်ရဲ့ နောက်ကျောကို စိုက်ကြည့်နေမိကြသည်။အရိုက်ခံရလို့ ညိုမဲနေတဲ့  ဒဏ်ရာတွေ ဖုံးလွှမ်းကာ ယခုအချိန်မှာတော့ နောင်တရတဲ့ ပုံစံဖြစ်နေကြသည်။

ချန်ဟွေ့ မျက်နှာမှာ နီမြန်းသွားပြီး ယွမ်ဟုန်ကို သတ်ပစ်ချင်နေကာ သူ့ကို တရစပ်တိုက် ကြိမ်ဆဲနေတော့သည်။

ယွမ်ဟုန် မျက်နှာမှာ ဖြူဖျော့သွားပြီး သူ့တစ်ကိုယ် လုံး ချွေးအေးများဖြင့် ဖုံးလွှမ်းနေကာ ခေါင်းက လည်း တုန်နေတော့သည်။

ချန်ဟွေ့ ဆဲဆိုတာကို တားဖို့တောင် သူ့မှာ အင်အားမရှိတော့ပေ။ အခုချိန်မှာတော့ နောင်တရနေပြီး အူထဲအသည်းထဲမှာပါ စိမ်းဖန့်နေတော့သည်—-

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now