26.1

17.4K 2.6K 62
                                    

Unicode

ကျောင်းကုမ္ပဏီရဲ့ ထုတ်ကုန်သစ် ?

ပြီးတော့ ထုတ်ကုန်ရဲ့ဘူးပုံစံက လာမယ့်သုံးပတ် မြောက်မှာထုတ်မယ့် လုံကုမ္ပဏီရဲ့ ထုတ်ကုန်အသစ်နဲ့ တူနေတယ်တဲ့လား?

ထုတ်ကုန်ရဲ့ ဒီဇိုင်နာချုပ်အနေနဲ့  ရှီယွင်နန်မှာ အခြေအနေကို အသေးစိတ်ရှင်းရှင်းလင်းလင်းသိအောင် ကိုယ်တိုင်ကိုယ်ကျ သွားရမည်ဖြစ်၏။ လော့လင်းရှန်းလည်း သတင်းကြားတာနဲ့ လော့ကုမ္ပဏီဌာနချုပ်ဆီ တန်းလိုက်သွားလိုက်တယ်။

နှစ်ယောက်စလုံး လော့အစည်းအဝးခန်းသို့ ရောက် တဲ့အခါ၊ ဒီပူပေါင်းလုပ်ဆောင်တဲ့ ရင်းနှီးမြှုပ်နှံမှု မှာပါတဲ့  အဓိက ဝန်ထမ်းတွေအားလုံးက နေရာယူထားပြီးလေပြီ။

ရောက်နေတဲ့သူအားလုံး၊ ရာထူးကြီး လော့လင်းရှန်းကိုမြင်တာနဲ့  သူတို့အားလုံး စိတ်လှုပ်ရှားလာကြတော့တယ်။

လော့လင်းရှန်းနဲ့ ရှီယွင်နန်ကတော့  အေးအေးဆေးဆေးပဲ ထိုင်လိုက်ကာ အဓိကအကြောင်းအရာကိုသာ တန်းမေးလိုက်တယ်။

"အခု ဘယ်လိုဖြစ်တာလဲ?"

သူက လော့ဥက္ကဌဖြစ်တော့ သူ့လက်အောက်မှာရှိတဲ့ ရင်းနှီးမြှုပ်နှံတဲ့ပရောဂျက်မှာ ၀င်ရောက်စွက်ဖက်ပိုင်ခွင့်ရှိ၏။

"ကျွန်မကို ပြောခွင့်ပြုပါ။"

လုံယွမ် သူမရဲ့ တက်ဘလက်ကို ပရိုဂျက်တာနဲ့ ချိတ်လိုက်ပြီး ပြောလိုက်တယ်။ "နေ့လည် လေးနာရီလောက်က ကျောင်းလက်အောက်မှာရှိတဲ့ အကြီးဆုံး အလှကုန်ဘရန်း 'ယွီဖုကျီ'( ကျောက်စိမ်းအသားရည်အလှ)က သူတို့ရဲ့  မိန်ကျီကူရှင်ရဲ့ ထုတ်ကုန်အသစ် တရားဝင်ရောင်းချမယ့် သတင်းကို ဘလော့ဂ်မှကြေငြာခဲ့တယ်။"

ကုန်ပစ္စည်းများ ရောင်းမချမီ အကြမ်းဖျင်းအားဖြင့် အပိုင်းနှစ်ပိုင်းခွဲပြထား၏--

တစ်ပိုင်းမှာ ထုတ်ကုန်ရဲ့  ဖော်မြူလာဖြစ်ပြီး နောက်တစ်ပိုင်းကတော့ ထုတ်ကုန်ထုတ်ပိုးမှု ဒီဇိုင်းကိုထုတ်ပြလာခြင်းပင်။

လုံယွမ် တက်ဘလက်ပေါ်တွင် သူမရဲ့ လက်ချောင်းထိပ်များကို ပွတ်ဆွဲလိုက်၏။ ဖန်သားပြင်ပေါ်မှာတော့ သူတို့ ကြော်ငြာထားတဲ့ ထုတ်ကုန်ရဲ့ ဒီဇိုင်းပင်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now