Extra-1 (ခေါင်းဆောင်လော့၏ တစ်ဖက်သတ်အချစ်)

12.9K 1.5K 55
                                    

Unicode

လော့လင်းရှန်း လေဆိပ်မှ ထွက်လာသည်နှင့် တပြိုင်နက် သူ့အား စောင့်ဆိုင်းနေသော သူငယ်ချင်း ယွီရှော့ကို တွေ့လိုက်ရသည်။

ယွီရှော့က သူ့ကိုတွေ့တော့ လက်ဝှေ့ယမ်းပြ၏။

"လင်းရှန်း ဒီမှာ"

လော့လင်းရှန်း ခေါင်းညိတ်ပြလိုက်ပြီးနောက် သူ့ဆီသို့ လျှောက်သွားလိုက်သည်။

နှစ်ယောက်သား မျက်နှာချင်းဆိုင်သည်နှင့် ယွီရှော့က စီးပွါးရေးအကြောင်း စမေးလာတော့လေသည်။  "အမေရိကမှာ အကျိုးတူ ပူးပေါင်းမယ့်အစည်းအဝေးဘယ်လိုဖြစ်သွားပြီလဲ?"

"သူတို့ဆီကနေ မနက််ဖြန် ကိုယ်စားလှယ်လွှတ်ပေးလိုက်မယ်တဲ့။ နောက်ဆက်တွဲကိစ္စတွေအတွက် မင်း လူအင်အား အဆင်သင့် ပြင်ထားလိုက်။" လော့လင်းရှန်းက မာနကြီးသည့် မျက်နှာထားဖြင့် ခပ်ပြတ်ပြတ် ပြောလာသည်။

မျှော်လင့်ထားသည့်အဖြေကိုကြားတော့ ယွီရှော့ တစ်ယောက် မခနဲ့ဘဲ မနေနိုင်တော့။ "ငါသိသားပဲ မင်းအနိုင်မယူနိုင်တဲ့ Client ဆိုတာ လုံးဝမရှိဘူး။ အကြီးအကဲလော့ ငယ်ငယ်တုန်းက မင်းနဲ့အတူဆုံးလို့ ပြောနေကြတာ မအံ့ဩတော့ပါဘူး"

လော့လင်းရှန်း နောက်မှာ ရှိသည့် လော့မိသားစုဟာယနေ့ခေတ် အင်ပါယာမြို့တော်တွင် ထိပ်တန်းအချမ်းသာဆုံးမိသားစုဖြစ်သည်။ တခြားလူတွေ အကြီးအကဲလော့ဟု ခေါ်ကြသည့် သူ့အဖိုး လော့ပိုင်ရှန်းမှာ အသက်ကိုးဆယ့်လေးနှစ်ရှိပြီဖြစ်ပြီး၊ ရှုပ်ထွေးပွေလီသောမိသားစုစီးပွါးရေးကို လက်ထဲတွင် ထိန်းချုပ်ထားနိုင်ဆဲပင်။ သူ့သားသမီး၊ မြေးတွေ ဘယ်သူကမှ အထွန့်မတက်ရဲကြ။

လူအိုကြီးလော့၏ အချစ်ဆုံးမြေးလေးအနေဖြင့် လော့လင်းရှန်းအား ဘွဲ့ရပြီးသည်နှင့် အရေးကြီးသောလော့မိသားစု ကုမ္ပဏီတာဝန်များကိုလွှဲပြောင်းယူစေချင်သော်လည်း လော့လင်းရှန်းမှာ ဆန္ဒမရှိခဲ့ပေ။ သူ့အတွက် သီးခြားစီးပွားရေးတစ်ခု ထူထောင်ရန် လူအိုကြီးအား အချိန်အတော်ကြာ စည်းရုံးခဲ့ရလေသည်။

အကြီးအကဲလော့ကလည်း လော့လင်းရှန်းတစ်ယောက် ငယ်ရွယ်သေးပြီး အတွေ့အကြုံတချို့ကို သင်ယူစေချင်တာကြောင့် ခွင့်ပြုပေးခဲ့သည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now