63.1

14.1K 2.2K 39
                                    

Unicode

နှစ်ရက်အကြာတွင်—

ရွှေငါးလေးတစ်ယောက် လေဆိပ်က ထွက်လာသည်နှင့် ကျောပိုးအိတ်လေးကို လွယ်ကာ ခုန်ဆွခုန်ဆွလုပ်နေတော့သည်။

"ရေးးး!"

သူ အရမ်းကို ပျော်ရွှင်နေ၏။ သူမွေးကတည်းက နိုင်ငံခြားရောက်ဖူးတာ ဒါပထမဆုံးပင်။

လော့လင်းရှန်းက ဝီးချဲလ်ပေါ်တွင် ထိုင်နေရင်း လူစည်ကားနေသည့် လေဆိပ်ကိုကြည့်ကာ လေးလေးနက်နက်ပြောလာသည်။ "ကျင်းယွီ လျှောက်ပြေးမနေနဲ့ ၊ ဒီမှာ ပျောက်သွားရင် ရှာရတာ ခက်လိမ့်မယ်။"

လော့လင်းရှန်းက ခြေထောက်ခွဲစိတ်ရန်
နိုင်ငံခြားသို့ ထပ်မံရောက်လာခြင်းဖြစ်ပြီး၊ ကုသမှုကာလမှာလည်း ယခင်ကထက် ပိုကြာမည်ဖြစ်၏။

ဒါကိုသိလိုက်ရသည့်အချိန်၊ ရှီယွင်နန်က သူနှင့်လိုက်လာဖို့ ဆုံးဖြတ်ခဲ့ပြီး၊ သူ့ဒီဇိုင်းအလုပ်ကိုလည်း နိုင်ငံခြားမှာ ဆက်လုပ်သွားနိုင်တယ်လို့ ပြောလာခဲ့သည်။

သူတို့နှစ်ယောက်ပြောနေသည့် စကားများကို ရွှေငါးလေး ကြားသည့်အခါမှာတော့ ထိုကလေးလေးဟာ  "ရှောင်ရှုရှူနဲ့ မခွဲနိုင်ဘူး။" ဟုဆိုကာ ငိုယိုဂျစ်တိုက်တော့လေသည်။

ရှီယွင်နန်မှာ ငယ်ငယ်လေးကတည်းက "ခွဲခွာခြင်း" ကို တွေ့ကြုံခဲ့ရတာကြောင့် ရွှေငါးလေး ဝမ်းနည်းနေသည်ကို အလိုအလျောက်နားလည်သည်။ အသေအချာစဉ်းစားပြီးနောက်၊ သူနှင့် လော့လင်းရှန်းမှာ ထိုကလေးလေးကိုပါ ခေါ်လာခဲ့ရန် ဆုံးဖြတ်လိုက်ရတော့သည်။

ဘယ်လိုပဲဖြစ်ဖြစ် ရွှေငါးလေးမှာ မူကြိုသာရှိသေးသည်မို့၊ နောက်ကျကျန်နေခဲ့မည့် သင်ခန်းစာများကို နိုင်ငံခြားမှ ဆရာတွေနှင့် သင်ယူလို့ ရနိုင်ပေမည်။

...

စိတ်လှုပ်ရှားနေသည့် ရွှေငါးလေးမှာ ထိုစကားကြားတော့ လော့လင်းရှန်းဆီ ပြန်ပြေးလာ၏။

ရွှေငါးလေးက ခရီးပန်းနေမှုကြောင့် သမ်းဝေနေသည့် ရှီယွင်နန်ကို ကြည့်ကာ တစ်ဖက်လူ၏ လက်မလေးကို ခါယမ်းလိုက်သည်။ "ရှောင်ရှုရှု၊ အိပ်ငိုက်နေပြီလား?"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now