37.1

13.9K 2.5K 177
                                    

Unicode

လော့လင်းရှန်းတစ်ယောက် ဘယ်ကမှန်းမသိပေါ်လာသော ဝမ်ဝမ်ယိုအားမြင်လိုက်ပြီး သူမျက်လုံးထဲတွင် အနည်းငယ်ရွံရှာသည့် အရိပ်အယောင်များ ပေါ်လာတော့သည်။ သူ ပြန်မဖြေဘဲ ယွမ်မုန်ကို အကြည့်တချက်ပေးလိုက်တော့

ယွမ်မုန်မှာ သူဆိုလိုချင်တာကို နားလည်သွားပြီး သူ့ရှေ့ကနေ တားလိုက်သည်။ "မစ္စဝမ်၊ ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကို လေးစားပေးပါ။"

ဝမ်ဝမ်ယိုသည် စုန့်ကျစ်ချိုးတို့နှင့်အတူ ဆေးရုံသို့လိုက်မသွားဘဲ လူတိုင်းသတိမထားမိသည့်အချိန်
စင်္ကြံဘက်သို့ လှစ်ထွက်လာခဲ့သည်။

လူအိုကြီးဝမ် အခန်းထဲမှ ထွက်လာတာနဲ့ သူမက အချိန်ကိုက် ပြေးထွက်လာလေသည်။

လော့လင်းရှန်းရဲ့ အေးစက်စက်ပုံစံကိုကြည့်ရင်း ၊ ဝမ်ဝမ်ယိုက ငိုတော့မယ့်မျက်နှာလေးနဲ့ ပြောလာသည်။ "ငါးမိနစ်ပါပဲ၊ ငါးမိနစ်လောက်ဆို ရပါပြီ! မဟုတ်ရင်..."

"ကျွန်မ လုံးဝ မထိန်းထားနိုင်တော့ရင် ကျွန်မဝမ်းကွဲအစ်ကိုကို ပြောလိုက်မှာ။"

လော့လင်းရှန်း အကြည့်အနည်းငယ်ပြောင်းသွားပြီး သူမအား စူးစမ်းလိုက်သည်။  "မစ္စဝမ်၊ ယွင်နန်က အမှားအမှန်မခွဲခြားတတ်တဲ့ မင်းတို့သားအမိတွေကို ဘယ်လောက်တောင်မုန်းနေလဲဆိုတာမသိဘူးလား?"

သူမက ရှီယွင်နန်ဆီကို သွားချင်သေးတယ်ပေါ့?

လော့လင်းရှန်း သူမကို သတိပေးလိုက်သည်။ "သူ ဝမ်မိသားစုကနေ ထွက်ဖို့ စိတ်ပိုင်းဖြတ်ထားမှတော့၊ ကိုယ့်ကိုယ်ကို ဣန္ဒြေရရနေပြီး သူ့ကို ထပ်မနှောင့်ယှက်ပါနဲ့။"

"ရှီယွင်နန်" ဆိုသည့် နာမည်ပါမှ  ရှေ့ကလူမှာ သူမစကားအား တုံ့ပြန်လာသည်ကို မြင်သောအခါ သူမရင်ထဲ စိတ်ပျက်သွားသော်လည်း ဒီလိုဖြစ်လေလေ သူမ ပိုမလိုလားလေလေပင်။

"မစ္စတာလော့"

ဝမ်ဝမ်ယိုသည် ရှေ့သို့ တစ်လှမ်းတိုးရန် ကြိုးစားသော်လည်း မျက်နှာထားတင်းတင်းနဲ့ ယွမ်မုန်ဆီကနေ နောက်သို့ပြန်တွန်းတာခံလိုက်ရသည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now