84.2

11.6K 2.2K 181
                                    

Unicode

ရှီယွင်နန် စိတ်တည်ငြိမ်သွားရန် မျက်လုံးကို မှိတ်ထားလိုက်၏။ သူ အသက်ပြင်းပြင်းရှူကာ စိတ်အေးလက်အေးပုံ ဟန်ဆောင်လိုက်ပြီး ဖုန်းကိုင်လိုက်သည်။

"ဟဲလို ကော?"

"ယွင်နန် ငါခုနက 'ခိုက်ရင်'ကျောင်းမှာ အစည်းအဝေးတက်နေလို့။ ခုတော့ပြီးသွားပြီ။"

ဖုန်းတစ်ဖက်ရှိ ဝမ်ရိပေ၏ လေသံမှာ ကြားနေကြအတိုင်း ချိုသာလို့နေသည်။ "ရုတ်တရက်ကြီး ဘာလို့ ဖုန်းဆက်တာလဲ? နေကောင်းရဲ့လား?"

"ကောင်းပါတယ်။ နေ့လည်တုန်းက ပျင်းနေတာနဲ့ စကားပြောချင်နေလို့။" ရှီယွင်နန် ဆင်ခြေတစ်ခု ကောက်ပေးလိုက်သည်။

"အသက်ကဖြင့် ဘယ်လောက်ရှိနေပြီလဲ? ပျင်းတာနဲ့ အစ်ကိုကို စကားပြောဖို့ ရှာတယ်ပေါ့?"  ဝမ်ရိပေ သူ့ကို စ လိုက်သည်။

ရှီယွင်နန် သူ့လက်ထဲက ဖိတ်စာကို တင်းတင်းဆုပ်ကိုင်ကာ မမေးဘဲ မနေနိုင်တော့။ "ကော ကျွန်တော် တစ်ခုလောက် မေးချင်တယ်"

"ဟမ်? မေးလေ"

"မွေးနေ့ပွဲအပြင် တခြားနေရာတွေမှာကော လော့လင်းရှန်းနဲ့ တွေ့ဖူးလား?"

ဖုန်းထဲကနေတဆင့်ပြောနေတာကြောင့် ရှီယွင်နန်၏ ယုံကြည်မှုကင်းမဲ့နေသည့် လေသံလေးကို သတိမထားမိနိုင်ပေ။

ဝမ်ရိပေကတော့ သူ့ညီလေးကို အမြဲယုံကြည်တာကြောင့်၊ သူ လော့လင်းရှန်းအကြောင်း သိချင်နေတာဟု ထင်နေမိသည်။ ထို့ကြောင့် သူက ခဏလောက်စဉ်းစားကာ ပြန်ဖြေလိုက်လေသည်။ "ငါက နိုင်ငံခြားမှာပဲ အလုပ်များနေတာဆိုတော့ တရုတ်ကို သိပ်ပြန်မလာဖြစ်ဘူးလေ။"

"တခါတလေ တရုတ်ကိုပြန်လာတဲ့ အချိန်တော့ မစ္စတာလော့နဲ့ ဆုံဖူးတယ်။ ဒါမယ့် တစ်ယောက်နဲ့တစ်ယောက် မရင်းနှီးတော့ ဝတ်ကျေတန်းကျေလောက်ပဲ နှုတ်ဆက်တာ စကားအများကြီး မပြောဖြစ်ဘူး။"

ဝမ်ရိပေ ပြောနေရင်း တစ်ခုခုကို မှတ်မိသွားကာ-

"ဒါ​ပေမယ့်..."

"ဒါပေမယ့်?"

"ငါနိုင်ငံခြားမှာ ပထမဆုံးလုပ်တဲ့ တစ်ကိုယ်တော်ပွဲကိုတော့ မစ္စတာလော့ လာသွားသေးတယ်။ တံခါးအပြင်ဘက်မှာ ဂုဏ်ပြုပန်းခြင်းထားပေးသွားတယ်လို့ ဝန်ထမ်းတွေပြောမှ ငါလည်းသိတာ။"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now