21

18.9K 2.9K 186
                                    

Unicode

"ကြိုးစားကြည့်မယ်?"

လော့လင်းရှန်းက ထိုစကားလုံးကို တစိမ့်စိမ့်တွေးနေသည်။

သူက ရှီယွင်နန်ကို ခဏလောက် စိုက်ကြည့်နေပြီး သူ့မျက်လုံးတွေက ပြောမပြနိုင်တဲ့ အလင်းတန်းတွေ ပေါ်လာကာ ရုတ်တရက် ပြုံးလိုက်မိ၏။

"ဒုတိယသခင်လေးရှီက သူ့မှာကိုယ်ခံအား လုံလုံလောက်လောက်ရှိတယ်လို့ ခံစားရရင်တော့ ဒီလော့ဆိုတဲ့ လူက ပူးပေါင်းပေးမှာပါ"

"......"

ရှေ့ခုံမှ ချင်ကျန်း နဲ့  ယွမ်မုန်မှာ ကမ္ဘာသစ်ကို ရှာတွေ့လိုက်သလိုမျိုး  တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ ခေါင်းဆောင်က ဒီလိုစကားမျိုးတွေကို တကယ်ပြောနိုင်တယ်ပေါ့? ရင်တစ်ချက်တောင် မခုန်ဘဲ ဒီမျက်နှာသေကြီးနဲ့လေ?

လော့လင်းရှန်းက  အချိန်အကြာကြီး ဩဇာအာဏာရှိလာတဲ့သူဖြစ်သည်။ အပြင်ပန်းတွင် သူက အေးပြီး ရှောင်နေပုံရသော်လည်း တစ်ခါတလေ သူ့အသွေးအသားထဲကနေ ကောက်ကျစ်တဲ့ပုံစံ စိမ့်ထွက်လာကာ ရှီယွင်နန်ကို ခုခံဖို့ အားမရှိတော့အောင် လုပ်နိုင်သည်။

ဥပမာပြောရရင် လက်ထပ်လက်မှတ်ဓာတ်ပုံရိုက်တုန်းက သူ့င်္အကျီကြယ်သီးကို တပ်လိုက်သလိုမျိုး။

အခြားဥပမာတစ်ခုထပ်ပြောရရင်တော့ ခုနက အပြောအဆိုပင် ဖြစ်၏။ စနောက်သည့် စကားဖြစ် သော်လည်း ရှီယွင်နန်ရဲ့ ပါလေးပူလောင်လာတော့သည်။

"အဟမ်း ၊ ကျွန်တော်ကနောက်တာပါ"

"ကျွန်တော် ပါးစပ်က လျှောက်ပြောတတ်ပေမယ့် စည်းတော့ ရှိပါတယ်။ ဒီအိမ်ထောင်ရေးက သဘောတူညီချက်ဖြစ်မှတော့ တကယ့်အစစ်နဲ့တူလောက်တဲ့ထိတော့ မလုပ်ပါဘူး..."

ရှီယွင်နန် ဒီစကားကို ပြောလေလေ သူ့ရဲ့ပေါ့ပေါ့ပါးပါးစိတ်လေးက ပိုပေါ်လာလာလေပင်။

လော့လင်းရှန်း မျက်လုံးများထဲမှ အလင်းရောင် များ ပျောက်ကွယ်သွားပြီး သူ့အရင်မျက်လုံးပုံစံ ပြန်ဖြစ်သွားတော့သည်။

"ကားပေါ်တက်၊ အိမ်ပြန်မယ်။"

ရှီယွင်နန်သည် လန့်ဖျပ်သွား၏။ ဒီလူရဲ့ စိတ်က အနည်းငယ် ကျနေသည်ဟု ခံစားမိလိုက်လေသည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now