46.1

14.2K 2.4K 37
                                    

Unicode

၁၀မိနစ် ကြာပြီး​နောက် ရှီယွင်နန် အပါအဝင် ဒီဇိုင်နာအားလုံး အစည်းအဝေးခန်းထဲမှထွက်လာကြသည်။

"ပရောဂျက် မစခင် ခေါင်းဆောင်ပြောင်းတာ ဘာကိစ္စဖြစ်လို့ပါလိမ့်?"

"ဘယ်သူသိမှာလဲ? ဒါ​မယ့် သူတို့ရဲ့ကျောက်စိမ်းပစ္စည်းတွေ အမှန်တကယ် နာမည်ကြီးတဲ့အပြင် ၊ယွမ်
ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကတော့ တော်​တော်ရက်​ရောတယ်။ ယွမ်က သူတို့စာချုပ်အရ ပိုက်ဆံပေးနေသရွေ့ ငါကတော့ ဒီဇိုင်းဆွဲပေးမှာပဲ။"

"အမှန်ပဲ၊ ဒါပေမယ့် ရေရှည်တိုးတက်ဖို့က ရေတိုအမြတ်နဲ့ မတူဘူးလေ..."

ဒီဇိုင်နာခြောက်​ယောက်မှာ စတူဒီယိုမှ ထွက်လာစဉ် ပြောနေကြသည်။

ရှီယွင်နန်ကတော့ သူရဲ့အိတ်သေးသေးလေးကိုယူကာ အခြားသူများနှင့်မလိုက်ဘဲ ရုံးခန်းနားမှာသာ ထိုင်နေလိုက်သည်။

ဒီ​နေ့ သူက ဒီဇိုင်းမူကြမ်းကို ယူလာခဲ့ပြီး လု​ကျောက်အန်းက လိုအပ်ချက် သုံးခုကို ယာယီတင်ပြခဲ့လျှင်​တောင် သူက ဒီလုပ်ငန်းအစီအစဉ်ကို ပြောင်းလဲဖို့ ရည်ရွယ်ချက်မရှိပေ။

သူက ဘယ်သူနဲ့ လက်တွဲပြီး ဘယ်လို ပူးပေါင်းဆောင်ရွက်မှုမျိုးတွေရှိပါစေ၊ ကတိပေးထားတဲ့ ဒီဇိုင်းလုပ်ငန်းကို အချိန်မီပြီးအောင်သာ လုပ်မည်ဖြစ်သည်။

ဒါတွေဟာ ရှီယွင်နန် ဒီဇိုင်းလုပ်ငန်းသို့ ဝင်ရောက်ပြီးနောက် သူကိုယ်တိုင် ချမှတ်ထားတဲ့ တင်းကျပ်သည့် စည်းမျဉ်းများပင်။

ရှီယွင်နန်သည် လု​ကျောက်အန်း နှင့် ယွမ်​ရွေ့ တို့ ထိုင်နေဆဲဖြစ်သည့် ပိတ်ထားသော အစည်းအဝေးခန်းတံခါးကို တစ်ချက်ကြည့်လိုက်သည်။ အေးခဲနေသည့် ဖန်သားနှင့်ပင် အတွင်း၌တိတ်ဆိတ်ပြီးအေးခဲနေမယ့် လေထုရှိနေသည်ကိုပင် သူ စိတ်ကူးကြည့်နိုင်သည်။

မကြာမီတွင်၊ ပြင်းပြင်းထန်ထန် အငြင်းပွါးလာကြ၏။ ထိုအသံမှာ ယွမ်​ရွေ့ရဲ့ တစ်ဖက်သတ် ပေါက်ကွဲသံနှင့် ပိုတူလေသည်။

"အဖေက ခဲယွဲ့ရင်းနှီးမြှုပ်နှံတာကို လက်မခံဘူး။ပြီးတော့ ခင်ဗျားက ဒီလုပ်ငန်းကို စွန့်လွှတ်လိုက်တယ်။ ခင်ဗျားက ကျွန်​တော်ကို အမှိုက်စတစ်ခုလို လွှတ်ပစ်လိုက်ပြီး ကျောက်စိမ်းဒီဇိုင်းစတူဒီယိုကို စီမံခန့်ခွဲခွင့်ပေးလိုက်တာလား? လု​ကျောက်အန်း၊ ကျွန်​တော် ခင်ဗျားရဲ့တရားနည်းလမ်းကျစာနာ​ထောက်ထားတဲ့စိတ်ကို မလိုအပ်ဘူး!"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now