60

16.1K 2.4K 134
                                    

Unicode

အင်ပါယာ Central ဆေးရုံတွင်—

အရေးပေါ်ခန်း၏ မီးမှာ အနီရောင်အဖြစ်ပြသထားလေသည်။

ရှီရှန်းကတော့ အရေးပေါ်အခန်း၏ တံခါးနားရှိ ခုံတန်းပေါ်တွင်ထိုင်နေပြီး၊ သူ့ပုံစံမှာ အရင်ကလိုမျိုး ခံ့ညားမနေပေ။

လူအိုးကြီးရှီမှာ ဧည့်ခံပွဲထဲတွင် ဒေါသထွက်ရတာကြောင့်၊ နောက်ဆုံး ကြမ်းပြင်ပေါ်သို့ မေ့လဲကျသွားခဲ့သည်။

အရေးပေါ်ခန်းထဲရောက်လာသည်မှာ နှစ်နာရီနီးပါးရှိနေပြီဖြစ်သော်လည်း၊ ခုထိ ဘာသတင်းမှ မကြားရသေးပေ။

မလှမ်းမကမ်းက ဓာတ်လှေကားတံခါးပွင့်သွားပြီး အမြန်လျှောက်လာသည့် ခြေလှမ်းနှစ်လှမ်းသံကို ကြားလိုက်ရ၏။

ရှီးခယ့်ယွဲ့က အုံ့ဆိုင်းနေသည့် ရှီရှန်းကို ကြည့်ကာ
သူ့အမူအရာမှာ မှင်သက်မသွားဘဲ မနေနိုင်တော့...

ဖြစ်နိုင်ရင် သူလည်း ရှီယွင်နန် နဲ့ ဝမ်ရိပေတို့လို ဧည့်ခံပွဲထဲကနေ ကျောခိုင်းပြီး ထွက်သွားချင်မိတယ်။

သူမလုပ်နိုင်တာတော့ စိတ်မကောင်းစရာပဲ။ ဘယ်လိုပဲဖြစ်ဖြစ်၊ သူအကြာကြီး ရရှိခဲ့တဲ့ နာမည်က လူအိုကြီးရှီရဲ့ အဖိုးတန်ဆုံးမြေးငယ်လေးဆိုတာနဲ့ ရှီမိသားစုရဲ့ တတိယမြောက် သခင်လေး ဆိုတဲ့ နာမည်ပဲလေ။

ဒီနေ့ ရှီမိသားစုက ဧည့်ခံပွဲမှာ အဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေ အဖော်ခံလိုက်ရတယ်။ သူသာ ဘာကိုမှ ဂရုမစိုက်ဘဲ ထွက်သွားဖို့ ရွေးချယ်လိုက်ရင်၊ အပြင်လူတွေရဲ့အားကိုးမရဘူးဆိုတဲ့ ဝေဖန်စကားတွေကြားထဲမှာ ရှင်သန်နေသွားရမှာ မဟုတ်ဘူးလား?

ပြီးတော့ အခုရှီမိသားစုအခြေအနေက ဝရုန်းသုန်းကားဖြစ်နေတာမို့ သူအာဏာသိမ်းဖို့ အခွင့်ရေးကောင်းဖြစ်နိုင်တယ်။

ရှီယွင်နန် ပြောခဲ့တာ တစ်ခုနှစ်ခုတော့ မှန်တယ်—ရှီးခယ့်ယွဲ့ဆိုတဲ့ သူရဲ့တစ်ကိုယ်ကောင်းဆန်တဲ့စိတ်က အရိုးထဲထိစွဲနေသလို၊ အကျိုးအမြတ်ရမယ့် အခွင့်အရေးမှန်သမျှကို သူလက်လွှတ်မှာ မဟုတ်ဘူး။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now