11

19.6K 2.8K 123
                                    

Unicode

လော့အိမ်ယာက  မြို့လယ်ရှိ FYUE Club နှင့် အနည်းငယ်ဝေးသည်။ ရှီယွင်နန် ရောက်လာသောအခါ သူ့သူငယ်ချင်း ဖုကျစ်ယွီက ဒုတိယထပ်ရှိ သီးသန့်နေရာတစ်နေရာစာကို  စျေးမြင့်မြင့်နဲ့ ကြိုတင်မှာထားပြီးလေပြီ။

"မင်းရှင်းရမှာမို့ နောက်ကျနေတာလား?" ဖုကျစ်ယွီက tequila ဖန်ခွက်ကို သူ့ဆီ တွန်းပေးလာ၏။

"မင်းကို အပြစ်ပေးရမယ်!"

"ခုနစ်နာရီတောင်မထိုးသေးဘူး၊ နိုက်ကလပ်က လည်း မစသေးဘူးလေ။ ဘာတွေအလျင်လိုနေတာလဲ?" ရှီယွင်နန်က သူ့ဘေးတွင်ထိုင်ကာ ပြစ်ဒဏ်အနေနဲ့  သောက်ဖို့ပြင်လိုက်တော့။

ဖုကျစ်ယွီက သူ့ကို နောက်ထပ် တစ်ခွက် လောင်းထည့်ပေးရင်းစပ်စပ်စုစု မေးလာလေသည်။

"ခုနက မင်း ပထမထပ် ခန်းမထဲက စားပွဲထိုးကို ဘာတွေတိုးတိုး သွားပြောနေတာလဲ? ထူးဆန်း
တယ်နော်!! ငါ ဒုတိယထပ်ကနေတောင် မြင်နေရတယ်!"

ရှီယွင်နန် တိုးတိုးလေး ရယ်လိုက်ပြီး

"ဘာမှမဟုတ်ပါဘူး၊ အိမ်ပြန်လာခဲတဲ့ သခင်လေးကို ဖျော်ဖြေဖို့ သူ့ကို ဝိုင်ကောင်းကောင်းယူလာခိုင်းတာပါ။"

"ငါ့ကို အဲ့စကားတွေနဲ့ မျက်နှာချိုလာသွေးမနေနဲ့၊ ဒါပေမယ့်လည်း မင်းကငါ့ကို ကြိုဆိုတဲ့ ညစာစားပွဲအတွက် ဒီမှာ ဖိတ်တော့ ငါတကယ် ရင်ထဲထိသွားတယ်"

ဖုကျစ်ယွီက သူ့ရဲ့ ကျေနပ်မှုကို ပြသရန် ဖန်ခွက်ကို မြှောက်ရင်း ရပ်တန့်မသွားမယ့်စိတ်လှုပ်ရှားမှုများ  များနဲ့ ပတ်ပတ်လည်လည်ကိုလိုက်ကြည့်နေလေသည်။

ဖုမိသားစုက မော်တော်ယာဉ်လုပ်ငန်းလုပ်ကိုင်ပြီး ၎င်းဟာ ပြည်တွင်းနယ်ပယ်တွင် အကောင်းဆုံးတွေထဲက တစ်ခုဖြစ်သည်။

သို့သော်လည်း ဒီချမ်းသာတဲ့ သခင်ငယ်လေးဖုကျစ်ယွီမှာ သူ့ကိုယ်ပိုင်မိသားစုလုပ်ငန်းကို စီမံခန့်ခွဲရာတွင် အနည်းငယ်မျှ စိတ်ဝင်စားခြင်းမရှိပေ။သူက ကလပ်စီးပွါးရေးကိုသာ လေ့လာရန် နှစ်သက်ခဲ့သည်။

ကလပ်ဟောင်းပဲ ဖြစ်ဖြစ် ရေပန်းစားနေတဲ့ ကလပ် ဖြစ်ဖြစ် သူက တကယ့်ကို စေ့စေ့စပ်စပ် သိသည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now